နေပြည်တော် ဇူလိုင် ၃၁
မြန်မာနှင့် ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၂၉ ရက်တွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်
(လေ) ခေါင်းဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင်
ထိုင်းဘုရင့်လေတပ်ဌာနချုပ်သို့ သွားရောက်ခဲ့ရာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee
Pattan-akul က ကြိုဆိုခဲ့သည်။ ထို့နောက် ထိုင်းဘုရင့်လေတပ်ဌာနချုပ်
ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်
နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍
နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activi-ties ဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ညပိုင်းတွင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က
တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမှတ်တရလက်ဆောင်များ
အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင်
ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် Air Technical Training School သို့ သွားရောက်ခဲ့ရာ Director of Education and Training နှင့် Air Technical Training School ကျောင်းအုပ်ကြီးတို့က
တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး တာဝန်ရှိသူတစ်ဦးက
သင်တန်းကျောင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊ သင်ရိုးညွှန်းတမ်း၊
သင်ကြားမှုနည်းစနစ်များ၊ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်
သင်တန်းကျောင်းအတွင်းရှိ Aircraft
Maintenance Simulation Center နှင့် RTAF Museum သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment