နေပြည်တော် သြဂုတ် ၂၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့
ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
ဘားအံမြို့နယ် သာယာကုန်းကျေးရွာ၌ မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်
လူသုံးကုန်ပစ္စည်း ၅၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈၂၃၃၆၅၆) နှင့်
အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး၊ Hino Profia
Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀၀) စုစုပေါင်း
ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၈၂၃၃၆၅၆ ကို ဖမ်းဆီးရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်
သြဂုတ် ၁၅ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီး၌ မော်တော်ယာဉ် သုံးစီးပေါ်မှ
တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁
မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၉၄၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ
တင်ဆောင်လာသည့် Mitsubishi
Fuso Truck သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀၀၀) စုစုပေါင်း
ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၄၄၆၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ
သြဂုတ် ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်အတွင်း၌ တရားမဝင်
အခြားသစ် ၁ ဒသမ ၀၈၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၅၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ
သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏
စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်
အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့်
လူသုံးကုန်ပစ္စည်းရှစ်မျိုး၊ စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၂၇၉၅၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး၊ Young
Man Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) ကိုလည်းကောင်း၊
ရွာငံခရိုင်မြို့ကြီးအနီး၌ မော်တော်ယာဉ် ၁၂ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်
လူသုံးကုန်ပစ္စည်း ၇၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး၊ စားသောက်ကုန်ပစ္စည်းလေးမျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၄၁၃၂၈၂၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan
Diesel Truck ငါးစီး၊ Mitsubishi Fuso Truck လေးစီး၊
Hino Profia Truck တစ်စီး၊ Dong Feng Tractor Head တစ်စီး၊ Scania Tractor Head တစ်စီးနှင့်
နောက်တွဲယာဉ် နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၆၀၀၀၀၀၀) ကိုလည်းကောင်း၊
တာချီလိတ်မြို့နယ် စွတ်ဆိုင်ကျေးရွာအနီးရှိ ခြံဝင်းတစ်ခုအတွင်းမှ တရားဝင်စာရွက်
စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၅၅၀၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ
တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး၊
လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၇၄၆၅၁၅၇) ကိုလည်းကောင်း
စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၆၁၀၂၉၇၇ ကို ဖမ်းဆီးရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅
ခုနှစ် သြဂုတ် ၂၅ ရက်တွင် ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မူးယစ်ဆေးဝါးမျိုးစုံ
(၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၇၅၀၀) ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင်
သြဂုတ် ၂၄ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏
ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ရှစ်စီးနှင့်
လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၃ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊
ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅
ခုနှစ် သြဂုတ် ၁၅ ရက်၊ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ
အမှုတွဲ (၆၇)မှု (ခန့်မှန်းတန်ဖိုး ငွေ ၃၃၇၃၃၉၇၆၉၃ ကျပ်) ကို ဖမ်းဆီးရမိခဲ့သည်။
ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက်
စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ
ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက
ယခုထက်ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ
သိရသည်။
သတင်းစဉ်
No comments:
Post a Comment