ပဲခူး ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်နှင်ထိန်းသိမ်းမှု(အထူး)သင်တန်းအမှတ်စဉ်(၂/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်
မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက်
ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေးနည်းလမ်းပေါင်းစုံဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံးစက်ကိရိယာဆိုရာ
အသိပညာ၊ အတတ်ပညာများကို စာတွေ့လက်တွေ့ပို့ချသင်ကြားပေးခြင်းဖြင့် တောင်သူများအနေဖြင့်
လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာနိုင်ပြီး လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ
အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာစေရန်
ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင်
စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်တစ်ခုဖြစ်ကာ လယ်ယာမြေကို မြေပြုပြင်သည့်အဆင့်မှ အစပြု၍ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊
ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို
စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေး
လုပ်ငန်းစဉ်အတွက် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
နှစ်စဉ်စီမံချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကာ သက်ဆိုင်ရာမြို့နယ် စက်မှုလယ်ယာစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း၊ သင်တန်းသားများအနေဖြင့်
မိမိတို့သင်ကြားရမည့် စာတွေ့၊ လက်တွေ့အသိပညာဗဟုသုတများဖြင့် လယ်ယာထုတ်ကုန်တိုးတက်မြင့်မားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
ကြိုးစားလေ့လာသင်ကြားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး
ဦးထွန်းထိန်လင်းမှ စက်မှုလယ်ယာသင်တန်းကျောင်း
(ဘုရားကြီး) ၏ သမိုင်းကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏
ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ပြီးစီးခဲ့မှုအခြေအနေများကို
Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ
တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး
သင်တန်းသားများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကာ သင်တန်းအတွင်း လက်တွေ့သင်ကြားပြသမည့် လယ်ယာသုံးစက်ကိရိယာများအား
လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါလယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)
တောင်သူသင်တန်း အမှတ်စဉ်
(၂/၂၀၂၅-၂၀၂၆)အား
ဩဂုတ်လ(၄)ရက်နေ့မှ ဩဂုတ်လ(၆)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး
ပဲခူးတိုင်းဒေသကြီးမှ(၂၀)ဦး၊
ဧရာဝတီတိုင်းဒေသကြီးမှ(၅)ဦး၊
ပဲခူးတိုင်းဒေသကြီးမှ(၁၉)ဦး၊
ဧရာဝတီတိုင်းဒေသကြီးမှ(၂၂)ဦး၊
ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦးနှင့် နေပြည်တော်မှ(၃)ဦး
စုစုပေါင်းသင်တန်းသား(၄၅)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ထွန်စက်ကြီး၊
Engine System, Clutch & Transmission, Front Axle, Steering& Drive Line,
Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System,
Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏
အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို
စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ်(၃)အား
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့နှင့် သင်တန်းအမှတ်စဉ်(၄)အား
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့တို့တွင် ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)







No comments:
Post a Comment