ရေတာရှည် သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာရှိ ရွှေပြည်သစ်နှင့် ဟိန်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိသော မုန့်ဖတ်ခြောက်လုပ်ငန်းသို့ သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်က ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရေတာရှည်မြို့နယ်
တောင်နန်ချွန်ကျေးရွာရှိ ဦးထွန်းထွန်းဝင်း၏ ဥစားကြက်အကောင်ရေ (၂၀၀၀)
မွေးမြူထားသော ကြက်ခြံများ ကြည့်ရှုစစ်ဆေးခြင်း ဘိုးတော်ကုန်းကျေးရွာအုပ်စု မြို့အဝင်စစ်ဆေးရေးဂိတ်တွင်
ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခြင်း ရွှေပြည်ကုန်းကျေးရွာရှိ ဦးဥာဏ်ဝင်း၏
စက္ကူနှင့် ပျော့ဖတ်စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း
ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး အလုပ်ကိုင်အခွင့်လမ်းများ ပိုမိုရရှိစေရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့်
လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကြည့်ရှုစစ်ဆေးဆောင်ရွက်ရာသို့
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးဥက္ကာသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment