နေပြည်တော် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နေ မိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နေ မ -----၊ ၂၀/၂၀၂၅
နှစ်သည် ၎င်းအလုပ်လုပ်ကိုင်နေသည့် နေရာနှင့်ကပ်လျက် အအေးဆိုင်သို့
နေ့စဉ်သွားရောက်ရာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ နန်းတော်ရာရပ်ကွက်နေ
ဒေါ်စိုးစိုးနှင့် တွေ့ဆုံခင်မင်ရင်းနှီးခဲ့ရာ ဒေါ်စိုးစိုးမှ တရုတ်နိုင်ငံ
ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်၊ တစ်လလျှင်
ငွေကျပ်လေးသိန်းခန့်ရမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့တရားမဝင်လမ်းကြောင်းမှတစ်ဆင့်
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ရှောင်ထုံရှန့်မြို့ရှိ ဒေါ်ခင်စိုးအေး (ခ)
ဒေါ်ခင်မာအေး နေအိမ်သို့ပို့ဆောင်ခဲ့ကြောင်း၊ ဒေါ်ခင်စိုးအေး (ခ) ဒေါ်ခင်မာအေးက ၎င်းအား
တရုတ်ယောက်ျားယူပါက တရုတ်ယွမ်ငွေလေးသောင်း (မြန်မာငွေကျပ်သိန်း ၂၄၀) ခန့်ရမည်ဟု ထပ်မံစည်းရုံးပြောဆိုပြီး
တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ရရှိသည့်ငွေကြေးအကျိုးအမြတ်များ
ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လသာမြို့မရဲစခန်း(ပ)၄/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၃ ရက်တွင်
ကျောက်တံတားခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်ခင်စိုးအေး (ခ) ဒေါ်ခင်မာအေးကို
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်
ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံစိုးစိုးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈
အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment