နေပြည်တော် ဩဂုတ် ၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးဝင်းအတွင်း၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများကို ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက်
လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ
လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက်
ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက်
One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုကိုလည်းကောင်း၊
နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/
Biometric ကောက်ယူကာ Unique ID နံပါတ်
တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား
လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်
မြို့နယ်ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ
တာဝန်ရှိသူများစုပေါင်း၍ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့်
စာရင်းအချက်အလက်များ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ်ချက်များကို
ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံး၊ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့်
ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မှတ်တမ်းခန်းပြန်လည်ပြုပြင်ထားရှိမှုနှင့်
ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို စာရွက်စာတမ်းများနှင့် ရုံးပစ္စည်းများ၊
e-ID ဆိုင်ရာ
စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေးအတွက် အမြဲမပြတ်စစ်ဆေးကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရေး၊
ငလျင်ဒဏ်ခံရသဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျောက်ဆုံး/ပျက်စီး
သွားသူများနှင့် အသက်ပြည့်မီသူများကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေး
အလေးထားဆောင်ရွက်ရန် မှာကြားကာ မြို့နယ်ရုံးဝန်ထမ်းများအတွက် ဆန်အိတ်များ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment