နေပြည်တော် သြဂုတ် ၅
တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့တွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံစဉ် ဆွေးနွေးပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ၏
အဓိကနယ်ပယ်လေးခုဖြစ်သည့် သင်ကြားသင်ယူရေး (Teaching and Learning)၊ လေ့ကျင့်သင်ကြားရေး (Training)၊ သုတေသနဆောင်ရွက်ခြင်း (Research) နှင့် နိုင်ငံတကာနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း (International cooperation) တို့အနက်
သင်ကြားသင်ယူရေးနယ်ပယ်တွင် ထိရောက်သည့် သင်ကြားသင်ယူမှုနည်းလမ်းများဖြစ်ရန်
ပါမောက္ခချုပ်များအနေဖြင့် ပါမောက္ခများမှ တွန်းအားပေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့
သင်ကြားသင်ယူမှုကဏ္ဍတွင် တက္ကသိုလ်၏ မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ ပေါက်မြောက်အောင်မြင်စွာ
အကောင်အထည်ဖော်ရေးအတွက် တက္ကသိုလ်အဆင့် သင်ယူမှုရလဒ်များ ချမှတ်အကောင်အထည်ဖော်ရန်လိုကြောင်း။
သုတေသနမလုပ်သော တက္ကသိုလ်သည် တူရိယာမပါသော သီချင်းတစ်ပုဒ်နှင့်တူသည်ဟု
ပြောကြားလိုပါကြောင်း၊ အထူးပြုဘာသာရပ်များအလိုက် သုတေသနလုပ်ငန်းများကို
တွန်းအားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ တက္ကသိုလ်များရှိ နိုင်ငံတကာဆက်ဆံရေးရုံးများသည်
နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားသော ပူးပေါင်းဆောင်ရွက်မည့်
လုပ်ငန်းနယ်ပယ်များတွင် ချိတ်ဆက်ပူးပေါင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင် အခြေခံပညာကဏ္ဍရှိ Grade-12 ကျောင်းသား ကျောင်းသူများအား
တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသော အထူးပြုဘာသာရပ်များ၏ အကျိုးရှိပုံများကို လာမည့်အောက်တိုဘာလတွင်
ကွင်းဆင်းရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ပါမောက္ခချုပ်များက စီစဉ်ပေးစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများက
သက်ဆိုင်ရာကျောင်းအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဒေတာလုံခြုံရေး၊ ဓာတုဗေဒပစ္စည်းလုံခြုံရေး၊
တက္ကသိုလ်ပရဝဏ်လုံခြုံရေးအတွက် ချမှတ်ထားသောစံသတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေးနှင့်
စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရေကြီးနစ်မြုပ်ခဲ့သည့်
ကျောင်းများ အစားထိုးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း
ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက
တက္ကသိုလ်များအကြား MoU လက်မှတ်ရေးထိုးမှု၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊
အရည်အသွေးအာမခံမှုစနစ် ဆောင်ရွက်နေမှု၊ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍
တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment