Thursday, July 3, 2025

မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ



အင်းစိန် ဇူလိုင် ၃

မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်  ကျင်းပသည်။



အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) နှင့်ပတ်သက်ပြီး မဲရုံတာဝန်ထမ်းဆောင်ကြမည့်သူများ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရန်ရည်ရွယ်၍ ယခုနည်းပြအဆင့်သင်တန်းကို ဦးစွာ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၏ အစီအမံ၊ ခရိုင်/ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ၏ ကြီးကြပ်မှုတို့ဖြင့်  မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုနည်းသင်တန်းများကို မြို့နယ်အသီးသီးတွင် ဆက်လက်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်းစသည်တို့ကို ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ တာဝန်ခံဦးအောင်လွင်ဦးက မဲပေးစက်နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ဖြင့် မဲပေးနည်းအား သရုပ်ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လက်တွေ့စမ်းသပ်ခဲ့ကြောင်းနှင့် သင်ခန်းစာပို့ချခြင်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)


No comments:

Post a Comment