နေပြည်တော် ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား Container House များသို့ ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများအတွက် Container House များ ဆောက်လုပ်၍ နေရာချထားသည့်
နေပြည်တော်ဘူတာကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး (ရွာတော်)၊
ရုံးအမှတ် (၂)၊ ရုံးအမှတ် (၅)၊ နေပြည်တော်ဗဟိုစာတိုက်ကြီးနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနေရာများသို့ သွားရောက်၍ Container House များ ဆောက်လုပ်ပြီးစီးမှု၊ ဝန်ထမ်းနှင့် မိသားစုများအတွက် သောက်ရေသုံးရေ
ရရှိရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး
စားဖိုဆောင်များ စနစ်တကျဆောက်လုပ်ရန်၊ မိလ္လာနှင့် အခြေခံလိုအပ်ချက်များ
ပြည့်စုံမှုရှိစေရေးဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် နေရာများတွင်
သီးပင်စားပင်များ စနစ်တကျစိုက်ပျိုးရန်၊ အိမ်ရာအလိုက် တည်မြဲအမိန့်ထုတ်ပြန်ရန်၊ ဝန်ထမ်းများ
အေးချမ်းသာယာပျော်ရွှင်စွာနေထိုင်နိုင်ရေး လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်၊
တပ်ဆင်တည်ဆောက်ရန် ကျန်ရှိနေ သော Container House များကို သတ်မှတ်ရက်အတွင်း
အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ပြောင်းရွှေ့ရန်ကျန်ရှိသော
ဝန်ထမ်းများနှင့် မိသားစုဝင်များကို အမြန်ဆုံးနေရာချထားပေးနိုင်ရေး ဆောင်ရွက်ရန်တာဝန်ရှိသူများကို
မှာကြားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်
ဝန်ထမ်းများ ယာယီနေထိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက
ခွဲဝေချထားပေးသည့် Container
House ၈၇၁ လုံးအနက် ၈၆၆ လုံး (၉၉ ဒသမ၄၂) ရာနှုန်း
တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment