ရန်ကုန် ဇူလိုင် ၂၁
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ဇူလိုင် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၃၇) နှစ်မြောက် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ (BRIDGE Summer Camp - 2025) သို့ မြန်မာကျောင်းသားလူငယ် ကိုယ်စားလှယ်ခြောက်ဦးက Junior Ambassador များအဖြစ် ပါဝင်တက်ရောက်၍ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ
မြန်မာကျောင်းသား လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်မှ ၁၄ရက်အထိ ဂျပန်နိုင်ငံ
Fukuoka Marine House
Camp ၌ အာရှ - ပစိဖိတ်ဒေသ ၄၂ နိုင်ငံမှ Junior Ambassador များနှင့်အတူ စခန်းချ၍ စုပေါင်းနေထိုင်ကြပြီး တွေ့ဆုံပွဲအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊
ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင်
ဇူလိုင် ၁၅ ရက်တွင် “မိုင်းအိမတ်ဆုဘာရ” ဂျပန်အလယ်တန်းကျောင်းသို့ သွားရောက်လေ့လာ၍ ကျောင်းအုပ်ဆရာမကြီးနှင့်
တွေ့ဆုံခြင်း၊ ဂျပန်ကလေးငယ်များနှင့် အမေးအဖြေပြုလုပ်ခြင်း၊ ကျောင်းခန်းမ၌ နွေဦးကဗျာသင်္ကြန်သီချင်းဖြင့်
ကပြခြင်း၊ ဂျပန်ကလေးများအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက်
ဇူလိုင် ၁၅ ရက် ညပိုင်းမှစ၍ ၂၀ ရက် ညပိုင်းအထိ ဂျပန်မိသားစုနေအိမ်များသို့ Home Stay အဖြစ် တစ်ဦးချင်းလိုက်ပါနေထိုင်ပြီး
အိမ်ရှင်ကျောင်းသားများ၏ ကျောင်းများသို့ တစ်နေ့တာ အတူလိုက်ပါတက်ရောက်ခြင်း၊
လူငယ်တွေ့ဆုံပွဲ၏ အဓိကအစီအစဉ်ဖြစ်သည့် “We are the BRIDGE Festival” သို့ အိမ်ရှင်မိသားစုများအား မြန်မာဝတ်စုံဝတ်ဆင်စေ၍အတူ ပါဝင်ဆင်နွှဲခြင်း၊
နွေဦးကဗျာ သင်္ကြန်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပွဲတော်သို့ လာရောက်သည့်
ဧည့်သည်များအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်း၊ အိမ်ရှင်မိသားစုများနှင့်အတူ Fukuoka
Tower အပါအဝင် ဖူကူအိုကာ၏ အထင်ကရနေရာများကို လည်ပတ်ခြင်း စသည့်အစီအစဉ်များကို
ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲအစီ
အစဉ်ကို ဂျပန်နိုင်ငံဖူကူအိုကာမြို့၌ အခြေစိုက်သည့် အာရှ-ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း
(Asian Pacific
Children's Convention - APCC) က “We are the BRIDGE” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး APCC မှ
အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၂ နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် ကျောင်းသား ကျောင်းသူ
၁၉၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။
မြန်မာကျောင်းသား
လူငယ်များ အဆိုပါနွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ သို့
ပါဝင်တက်ရောက်ခွင့်ရရှိခြင်းဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ လူငယ်များနှင့်
အပြန်အလှန်ထိတွေ့ဆက်ဆံခွင့်ရရှိခြင်း၊ ယဉ်ကျေးမှုများ အပြန်အလှန်ပိုမိုသိရှိခွင့်ရရှိခြင်း၊
အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ ရရှိခြင်း၊ မိမိပတ်ဝန်းကျင်တိုးတက်မှုအတွက် အထောက်အကူရရှိခြင်း၊
တစ်ဦးချင်းယုံကြည်မှုနှင့် အားထုတ်မှုများရရှိခဲ့ကြောင်း သိရသည်။
၂၀၂၆
ခုနှစ်တွင် ကျင်းပမည့် “BRIDGE
Summer Camp 2026” အတွက် တရားဝင်ကမ်းလှမ်းဖိတ်ကြားမှုကို လက်ခံရရှိပါက
မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း (MJA) အနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့်
မြန်မာနိုင်ငံမှ အခြေခံပညာကျောင်းသား လူငယ်များအား အဆိုပြုလွှာခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းများ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment