နေပြည်တော် ဇူလိုင် ၂၃
မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး
ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံရုံးမှ ညွှန်ကြားရေးမှူး Mr. Zhang Zhong Hua ၊ တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ
မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr.Wang Lei ၊ မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ
Senior President ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr. Li BoBo
၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း / အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ
မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr.Wang Lei က လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောကြားပြီး မြန်မာ
- တရုတ် ပူးပေါင်းဆက်ဆံရေး အသင်းမှ Senior President ၊ မြန်မာနိုင်ငံ ဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးသစ္စာ(ခ) Mr. Li BoBo က အသင်း ၏ထောက်ပံ့လှူဒါန်းမှုအခြေအနေ၊ ရှေ့ဆက်လက်လှူဒါန်းဆောင်ရွက်သွားမည့်အစီအမံများနှင့်
စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ
- တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ တာဝန်ရှိသူများက ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများထံ
လှူဒါန်းပစ္စည်းများကို ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ
ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊
ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ဝန်ထမ်းများကို လှူဒါန်းပစ္စည်းများ
ခွဲဝေပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ
မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများကို နေပြည်တော်
ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်
စခန်းသွင်းဆောင်ရွက်နေမှုအခြေအနေ၊ လေ့ကျင့်ရေး၊ နေထိုင်စားသောက်ရေး၊ အောင်နိုင်ရေးအတွက်
ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများနှင့် အားကစားသမားရွေးချယ်ထားရှိမှုအခြေအနေ၊
အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေ၊ အားကစားသမားများ၏ ကျန်းမာရေးအခြေအနေနှင့်
ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အုပ်ချုပ်/ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေ၊
ဆုတံဆိပ်မျှော်မှန်းထားရှိမှု အခြေ အနေ၊ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊
အားကစားနည်း အလိုက် လိုအပ်လျက်ရှိသည့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများနှင့်ပတ်သက်ပြီး
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများနှင့်
တာဝန်ရှိသူများက အောင်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment