ရန်ကုန် ဇူလိုင် ၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈)ရပ်ကွက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)က ကျင်းပသော (၁၅) ကြိမ်မြောက် ဟာသပညာရှင်ကြီးများအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မုဒိတာစကားပြောကြားသည်။
အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်၊ ကန်တော့ခံသက်ကြီး
ဟာသပညာရှင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ နာယယ၊ ဥက္ကဋ္ဌ၊
ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
ဟာသပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၏ လှုပ်ရှားမှုမှတ်တမ်းဗွီဒီယိုကလစ်အား ဖွင့်လှစ်ပြသပြီး
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ဂုဏ်ပြုတေးသီချင်းဖြင့် အစည်းအရုံးဝင်များက
ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက်
ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် ကန်တော့ခံသက်ကြီးဟာသ ပညာရှင်ကြီးများ၏
ဘဝတစ်သက်တာတွင် ပြည်သူများအား အပန်းပြေပျော်ရွှင်စေပြီး နိုင်ငံတော်အေးချမ်းသာယာရေးတွင်လည်း တစ်ဖတ်တစ်လမ်းက အကျိုးပြုပေးနေသည့်အတွက်
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သက်ရှည်ကျန်းမာကြပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်း
ဟာပညာရှင်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအနုပညာအမွေပေးဝေနိုင်ကြပြီး ရိုးရာအနုပညာနှင့်
ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပြီး ဟာသလောကရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်ပါစေကြောင်း
မုဒိတာစကားပြောကြားသည်။
ယင်းနောက်
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက်
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)သို့ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့်
အလှူငွေကျပ် သိန်း(၅၀)ကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၁၀၀)ကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်ကလည်းကောင်း၊
ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကအလှူငွေ သိန်း(၂၀)အား ဦးပိုက်ထွေးကလည်းကောင်း၊
အလှူရှင်များကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး
(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဟာသတစ်သက်တာဆုရရှိကြသည့် အကယ်ဒမီ ဦးမိုးဒီ၊ ဦးဖိုးဆောင်း၊
ဦးစံမိုး၊ ဦးတိမ်ညွန့်၊ ဦးပေါ်လေး၊ ဦးဥဩ၊ ရေဒီယိုဦးမန်းကျော်နှင့် ဦးရွှေဂဲတို့အား
ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက်
ဒုတိယဝန်ကြီး ဦးရဲတင့်က ဟာသဖန်တီးမှုထူးချွန်ဆုရရှိသည့် ဒါရိုက်တာ ကျော်ဇောလင်း
(အတွေးပုံရိပ်)နှင့် ဟာသထူးချွန်ဆုရရှိသည့် အကယ်ဒမီများရှင် ရန်အောင်အားလည်းကောင်း၊
တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်က ပရဟိတထူးချွန်ဆုရရှိသည့်
ဖြူဖြူထွေး၊ ဟာသပညာထူးချွန်ဆုရရှိသည့် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်၊
ဟာသထူးချွန်ဆုရရှိသည့် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် စိုးမြတ်သူဇာတို့အားလည်းကောင်း၊
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး
(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မျိုးဆက်သစ်ဟာသထူးချွန်ဆုရရှိသည့် သာတီတူးအားလည်းကောင်း၊
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ
ဦးအုန်းသီးက ဟာသထူးချွန်ဆုရရှိသည့် ဝိုင်းချစ်၊ ပရဟိတထူးချွန်ရရှိသည့်
ဦးချစ်စံနှင့် ဦးဒေါင်းရှိန်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး
(ဗဟို) အကြံပေးနာယက ဦးငြိမ်းချမ်းက ပရဟိတထူးချွန်ဆုရှိသည့် ဧရာဝတီတိုင်းဒေသကြီး
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးပေါ်ပေါ်ကိုလည်းကောင်း
ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနာက်
ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)
ဥက္ကဋ္ဌနှင့် အစည်းအရုံးဝင်များက သက်ကြီးဟာသအနုပညာရှင်ကြီးများအား
ပူဇော်ကန်တော့ကြပြီး ကန်တော့ခံသက်ကြီးဟာသအနုပညာရှင်များကိုယ်စား သက်ကြီးဟာသအနုပညာရှင်
အကယ်ဒမီဦးမိုးဒီက ကျေးဇူးတင်စကားပြောကြားသည်။
အောင်မြင့်
(ပြန်/ဆက်)






No comments:
Post a Comment