နေပြည်တော် ဇူလိုင် ၂၃
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ များနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင်
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်
လျှပ်စစ် နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး
၇ လတာ ကာလအတွင်း ကော်မရှင်လုပ်ငန်းတာဝန် ၁၅ ချက်ကို ချမှတ်ပေးခဲ့ရာ အတိုင်းအတာတစ်ခု
အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်လည်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များနှင့်စပ်လျဉ်း၍
လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို
အလေးထားဆွေးနွေးစေလိုပါကြောင်း၊ ထို့အပြင် ယခင်ပြီးစီးခဲ့သည့် အစည်းအဝေးများမှ ရရှိခဲ့သည့်ဆွေးနွေးဆုံးဖြတ်
ချက်များအပေါ်အခြေခံပြီး ဆက်လက်ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်များ စူးစမ်း၊
လေ့လာ၊ တူးဖော်မည့်ကိစ္စရပ်များ၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအပါအဝင်
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးသွားစေလိုပါကြောင်း။
Generation
Mix ကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပညာရှင်များက
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် မူတည်ပြီး ဓာတ်အားဖြည့်ဆည်းပေးနိုင်ရန်၊
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်၊ ပြန်ပြည့်မြဲစွမ်းအင်အချိုးအစားတစ်ခုပါဝင်ရန်အတွက်
အမှန်တကယ်ရရှိနိုင်မည့် စွမ်းအင်လောင်စာ များနှင့် နှစ်အလိုက် ရည်မှန်းချက်လျာထားပြီး
Generation Mix သတ်မှတ်ရန် လိုအပ်မည်ဖြစ်သည့်အတွက် National Electricity Master
Plan 2014 (JICA) နှင့် Nationally Determined Contribution (NDC) 2021 ရည်မှန်းချက်များအပေါ်
အကြံပြုဆွေးနွေးရန် ရှိသည်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ တစ်ဆက်တည်းတွင် အရင်းအမြစ်မျိုးစုံမှ
လျှပ်စစ် နှင့်စွမ်းအင်ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်ပြီး လျှပ်စစ်ကဏ္ဍတွင် လက်ရှိအသုံးပြုနေသော
အရင်းအမြစ်များအပြင် နေရောင်ခြည်စွမ်းအင်၊ လေအား၊ LNG စသည့် အရင်းအမြစ်များကိုပါ တိုးမြှင့်အသုံးပြုနိုင်ရန်၊
နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားဝယ်ယူ ခြင်းတို့ကဲ့သို့ နည်းလမ်းများပါ
အကောင်အထည်ဖော်ဆောင်ရွက်နေကြသလို စွမ်းအင်ကဏ္ဍတွင်လည်း လက်ရှိရှိရင်းစွဲရေနံမြေများ
ထုတ်လုပ်မှု တိုးတက်လာရန် အဆင့်မြင့်နည်းပညာရပ်များ အသုံးပြုခြင်း၊ ရေနံမြေအသစ်များရှာဖွေခြင်း၊
ကမ်းလွန်စီမံကိန်းအသစ်များ အကောင်အထည်ဖော်ခြင်း၊ ရေနံချက်စက်ရုံများ အသစ်တည်ဆောက်ခြင်းနှင့်
အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။
အမြန်ဆောင်ရွက်ပေးလျက်ရှိ
ယခုလို ဖွံ့ဖြိုးရေးလုပ်ငန်းများတစ်ရက်စောပြီးပါက
နိုင်ငံတော်အတွက် တစ်ရက်ပို၍အကျိုးရှိမည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်
ဆောင်ရွက်သွားရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းများသည်
လုပ်ငန်းသဘောသဘာဝအရ ရင်းနှီးမြှုပ်နှံမှု များပြားသည့် စီမံကိန်းများဖြစ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု
တိုးမြင့်ရရှိလာရေးကိုလည်း ဦးစားပေးလုပ်ငန်းရပ်တစ်ခုအနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
ထိုအတွက်ကိုလည်း “နိုင်ငံတကာနှင့် ဒေသတွင်း လျှပ်စစ်နှင့်စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးအဖွဲ့” ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက
ဦးဆောင်ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အဆိုပါအဖွဲ့အနေဖြင့်လည်း လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်
ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် ပြည်တွင်း/ ပြည်ပမှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ
လုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊
အခွင့်အလမ်း (Opportunity) များ ဖန်တီးပေးနိုင်ရေး၊ ဆွဲဆောင်မှု (incentive) ပေးရေး၊
လုပ်ငန်းကြန့်ကြာ မှုများလျော့နည်းစေရန် စီမံဆောင်ရွက်ပေးခြင်း၊ စီမံကိန်းမြေနေရာရရှိနိုင်ရေး
One Stop Service ၊ ငွေကြေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ
ဖြေရှင်းပေးခြင်းစသည့် လုပ်ဆောင်ပေးနိုင်သည်များကို အမြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်ဖြစ်သည့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အမျိုးသားအကျိုး စီးပွား
(National Interest) နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု (Socio Economic) တို့အတွက်
အဓိကကျကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲရန်ကိုလည်း
အမြဲလမ်းညွှန်မှာကြားလျက် ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရန်ကုန်တိုင်းဒေသကြီး
ဆိုလာပြားထုတ်လုပ်သည့်စက်ရုံကို သွားရောက် စစ်ဆေးခဲ့သည့် ခရီးစဉ်တွင် ပြည်တွင်းတွင်
ထုတ်လုပ်သည့် ဆိုလာပြားများ၏ အရည်အသွေးကို ပြည်ပမှတင်သွင်းသည့် ဆိုလာပြားများနှင့်ယှဉ်လျှင်
အရည်အသွေးလျော့ကျမှုမရှိစေရေးနှင့် စနစ်တကျ ထုတ်လုပ်နိုင်ရေး၊ ဆိုလာပြားများအား ပြည်တွင်း၌
လုံလောက်စွာထုတ်လုပ်နိုင် ရန်လိုပြီး ဆိုလာပြားထုတ်လုပ်မှုတိုးတက်ရေးနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာနနှင့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊
စွမ်းအင်ကဏ္ဍတွင် အထူးသဖြင့် ကမ်းလွန်လုပ်ကွက်စီမံကိန်းများသည် အရေးကြီးသည့် စီမံကိန်းများ
ဖြစ်သောကြောင့် ယင်းစီမံကိန်းများကို သတ်မှတ်ချိန်အတိုင်း ဆောင်ရွက်နိုင်ရေး၊ လေ့လာရေးနှင့်
ရှာဖွေရေးလုပ်ငန်းများ မြန်မြန်စတင်နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေး
ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ ထို့အပြင် စက်သုံးဆီများကို ပြည်တွင်းတွင်
တိုးမြှင့် ထုတ်လုပ်နိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုကို လျော့နည်းသက်သာစေရန်
ရေနံ ချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထား
ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ သုံးစွဲ နိုင်ရေးအစီအမံချမှတ်နိုင်ရန်၊
ဓာတ်အားလျော့နည်းပျောက်ဆုံးမှု မဖြစ်စေရေး စစ်ဆေးရေးအဖွဲ့များဖွဲ့၍ စစ်ဆေးနိုင်ရန်၊
ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ရန်လိုပါ ကြောင်း၊
လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရေး ဆက်လက် ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း၊
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ကျယ်ပြန့်ပြီး သက်ဆိုင်ရာ Stakeholder အားလုံး ပေါင်းစပ်ဆောင်ရွက်မှသာ
စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်သူများအားလုံး
ပေါင်းစပ်ဆောင်ရွက်သွား ရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်
ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်
ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က
တတိယအကြိမ် အစည်းအဝေးကာလအပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်
ဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် ကော်မရှင်၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြကြပြီး
ကော်မရှင်အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ကော်မရှင်အစည်းအဝေး (၃/၂၀၂၅)
ဆုံးဖြတ်ချက်များအနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့်
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဆောင်ရွက် ထားရှိမှုအခြေအနေများအား
ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့
တက်ရောက်လာသော ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအပေါ်
မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သော အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များအား
ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ UMFCCI ဥက္ကဋ္ဌတို့က ပြည်ထောင်စုနယ်မြေ၊
မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဆောင်ရွက်ဆဲ/ဆောင် ရွက်မည့် လုပ်ငန်းစီမံကိန်းအခြေအနေများနှင့်
ကော်မရှင်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အကြံပြုလိုသည်များကို
ဆွေးနွေးတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက
နိုင်ငံတော်တွင် လိုအပ်နေသည့် လျှပ်စစ်စွမ်းအားကို ဖြည့်ဆည်းပေးနိုင်မှသာလျှင် မျှော်မှန်းသည့်
လူမှုစီးပွားဘဝတိုးတက်ပြီး Living Standard မြင့်မားလာမည်ဖြစ်သလို နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများ
တိုးတက်ပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုရှိလာမည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်အတွက်အကျိုး ဖြစ်ထွန်းမည့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ခွင့်ပြုချက်ရရှိရေး၊ ဓာတ်အားဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်များ၊ MOU/ MOA ဆိုင်ရာ ကိစ္စရပ်များတွင်
ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း
ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment