ရန်ကုန် ဇူလိုင် ၂၃
(၃၈) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ စတင်ကျင်းပလျက်ရှိရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည်
အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ရမှတ် ၇၅၀ ဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး အိမ်ရှင်ထိုင်းအသင်းက
ရမှတ် ၉၀၀ ဖြင့် ရွှေတံဆိပ်ရရှိသည်။ ဗီယက်နမ်အသင်းနှင့် လာအိုအသင်းတို့က ပူးတွဲကြေးတံဆိပ်
ရရှိသည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး
ယှဉ်ပြိုင်လျက်ရှိပြီး အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲအသင်းလိုက်
အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲ၊ လေးယောက်တွဲ အမျိုး သားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင်
ထပ်မံယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည်
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများ
ဆက်လက်ယှဉ်ပြိုင်လျက်ရှိပြီး ဇူလိုင် ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလား
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်နေခြင်းဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MSTAF

No comments:
Post a Comment