နေပြည်တော် ဇူလိုင် ၁
“ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။
၂၀၂၅
ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က
အဆိုပါဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်ခြင်းဖြစ်သည်။
အခမ်းအနားသို့
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏
ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်
ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်
သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏
ဇနီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့်
ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊
အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုနယ်မြေ
နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊
ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များ၊ ဒီဇိုင်နာများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖျော်ဖြေတင်ဆက်
အခမ်းအနားတွင်
“မြန်မာအမျိုးသမီးများနေ့” တေးသီချင်း၊ “ဗမာမလေးပါရှင်” “အင်အားသစ်များနှင့်အတူ” တေးသီချင်းများနှင့်
သုံးရာသီချစ်သူတေးသီချင်းများ၊ “နွေဂိမာန်အလှမေမြတ်ဝါဆိုက”၊ “ယုံးယုံးလက်ရာဝဿန်ခါ”
နှင့် “ဟေမာန်ဆောင်း အသွင်ပိုးမင်းကြီးအဆင်” ခေါင်းစဉ်တို့ဖြင့် နာမည်ကျော်ဝတ်စုံဒီဇိုင်နာများ
ဖန်တီးဆန်းသစ်ထားသော ဝတ်စုံများ ဝတ်စားဆင်ယင်ပြသမှု၊ တစ်ခန်းရပ်ပြဇာတ်များ
တင်ဆက်မှု၊ “ကမ္ဘာတည်သရွေ့” တေးသီချင်းနှင့် နိုင်ငံကျော်အဆိုတော်များက
တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ
အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက
ဒေါ်ခင်သက်ဌေးတို့က ဂုဏ်ပြုပန်းစည်းများ ချီးမြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက၊
ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊ ဝတ်စားဆင်ယင်မှုပြပွဲနှင့်
ဂီတဖျော်ဖြေပွဲကို စီစဉ်တင်ဆက်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး
ဒါရိုက်တာဒေါ်မြတ်မြတ်ဦးနှင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များကိုယ်စား
အကယ်ဒမီများရှင် ရန်အောင်နှင့် စိုးမြတ်သူဇာတို့ကလည်းကောင်း လက်ခံရယူကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင်
နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊
တာဝန်ရှိသူများက အနုပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment