Monday, July 21, 2025

မင်းလှ၌ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး ကြိုတင် ကာကွယ်‌ရေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မင်းလှ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ဇူလိုင်လ ၂၀ ရက်နေ့ နက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီမြင့်နှင့်ဝန်ထမ်းများက ဧရာဝတီမြစ်ရေဝင်ရောက်သည့် ထန်းပင်ကုန်းအုပ်စုရှိ ကျေးရွားများအတွင်း၌ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး အန္တရာယ်များကြရောက်လာပါက ကြိုတင်ကာကွယရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့်လှည့်လည်လိုက်လံနှိုးဆော်ပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)


No comments:

Post a Comment