Tuesday, July 15, 2025

ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့၌ ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးတက်ရောက်


နေပြည်တော် ဇူလိုင် ၁၄

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ - အိန္ဒိယ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတ္တမအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆဋ္ဌမအကြိမ်မြောက် ပူးတွဲ ဦးဆောင် ကော်မတီအစည်းအဝေး တို့သို့ တက်ရောက်ခြင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) လက်မှတ်ရေးထိုး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ဇူလိုင် ၁၀ ရက်တွင် နယူးဒေလီရှိ Power Grid Cooperation National Control Center ကိုလည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် နွိုက်ဒါရှိ National Thermal Power Cooperation ၏ Technical Research and Training Center နှင့် Solar Hybrid Farm ကို လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် အာဂရာရှိ Power Grid Coope-ration ၏ ၈၀၀ ကေဗွီ၊ High Voltage Direct Current (HVDC) ဓာတ်အားခွဲရုံကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment