ကျောက်တန်း ဇူလိုင် ၂၁
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက (ပါဒ၀)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရေး၊
စာပေဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရေးနှင့် ကောင်းမွန်သော စာပေများကိုဖတ်ရှု့နိုင်ရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာပေများကို(အခမဲ့)
လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့်လည်း စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ
ရရှိစေသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာရွတ်ဆို
ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး
နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း
သိ ရသည်။
နေလင်းကျော်(ပြန်/ဆက်)
No comments:
Post a Comment