Tuesday, July 15, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



နေပြည်တော် ဇူလိုင် ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက် သံတောင်လမ်းနှင့် သံတောင်(၁)လမ်းထောင့် မြေကွက်လပ်နှင့် လယ်ဝေးလမ်းထောင့် မြေကွက်လပ်တို့၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သတ်မှတ်နေရာများ၌ အရိပ်ရလေကာပင်များကို စိုက်ပျိုးပေးပြီး အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ အရိပ်ရလေကာပင်များဖြစ်သည့် မန်ကျည်းနှင့် တမာပျိုးပင်များကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment