နေပြည်တော် ဇူလိုင် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမည့် လေးလက်မစက်ရေတွင်း နှစ်တွင်း တူးဖော်မည့်နေရာ၊ ညောင်ပင်သာကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်နေရာနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
VDP ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကျေးရွာလူမှုစီးပွားဘဝမြင့်မားရေးအချက်အလက်များကို
ရွာသူ ရွာသားများကိုယ်တိုင် ဖော်ထုတ်ရေးဆွဲနေမှု၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်
ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေသော
အခြေခံစက်ချုပ်သင်တန်း၌ လက်တွေ့သင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ညောင်ပင်သာဘုန်းကြီးကျောင်း၌
ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမည့်အစီအစဉ်နှင့် ဆိုင်ကယ်ပြင်သင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းများ
ဖွင့်လှစ်သင်ကြားပေးမည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တပ်ကုန်းမြို့နယ်
သမဝါယမအသင်းစု၌ လှချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း က စက်ရက်ကန်းများ တပ်ဆင်ဆောင်ရွက်နေမှုနှင့်
ဝါကုန်ကြမ်းဝယ်ယူထားရှိမှုကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။

No comments:
Post a Comment