နေပြည်တော် ဇူလိုင် ၁၉
(၇၈) နှစ်မြောက် အာဇာနည်နေ့ ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပျဉ်းမနားမြို့ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ်ထံမှ သံဝေဂကထာတရားနာကြားပြီး အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment