ပြီးခဲ့တဲ့ ဇွန်လတုန်းက စာရေးသူဟာ “ခန်းမဗလာစကားလုံးတွေက အနှစ်မပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးတယ်။ နယူးယောက်ဆင်စွယ်နန်းတော်ကြီးထိပ်မှာ ထိုင်နေကြတဲ့ ကမ္ဘာ့သူကြီး ဦးမိုက်တီး၊ ဒေါ်မိုက်တီးတို့ရဲ့ ပင်ကိုဗီဇထဲမှာကိုက ဒီလိုမျိုးအနှစ်သာရမရှိတဲ့ အပြုအမူတွေလုပ်ချင်တဲ့ ဉာဉ်ဆိုးပါနေပုံရတယ်လို့ဆိုရမှာပဲ။
နယူးယောက်မှာ
မိန့်ခွန်းပြောတုန်းက ဗလာကျင်းနေတဲ့အခန်းထဲမှာ စကားပြောခဲ့တဲ့သူဟာ
အဲဒီမဟာသံတမန်ကြီးတစ်ယောက်တည်း
မကဘူး။ သူ့ရဲ့ “အကြီးအကဲ” လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ကလည်း မကြာသေးခင်က စပိန်နိုင်ငံဆီဗီးလ်မြို့မှာလုပ်တဲ့
ညီလာခံတစ်ခုကို သွားတက်ခဲ့သေးတယ်။ အဲဒီညီလာခံကို အနောက်တိုင်း သတင်းမီဒီယာတချို့က
“ထိုင်ခုံတွေဗလာ၊
ခေါင်းဆောင်တွေမလာ” လို့ ဖော်ပြခဲ့ကြတာကိုကြည့်ရင် ရိပ်စားမိလောက်ပါရဲ့။
ဆီဗီးလ်မှာ
လုပ်ခဲ့တဲ့ပွဲက ဆယ်စုနှစ်တစ်ခါမှ တစ်ကြိမ်ကျင်းပတဲ့ ဘဏ္ဍာရေးညီလာခံကြီး
တစ်ခုလို့ ဆိုပေမယ့် ဒီ “အကြီးအကဲ” နဲ့ သူ့ရဲ့နောက်တော်ပါတွေအတွက်ကတော့ စရိတ်ငြိမ်းအပျော်ခရီးတစ်ခုပါပဲ။
“အကြီးအကဲ” အတွက် ဒီကွန်ဖရင့်ဟာ တကယ်ပဲအရေးပါတဲ့ပွဲတစ်ခုသာဆိုရင်၊
ဆယ်နှစ်မှ တစ်ခါလုပ်တဲ့ ဒီပွဲမှာ လူတွေပြည့်ကျပ်နေသင့်တာပေါ့။
ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့
ဩဇာတိက္ကမ
ကြီးမားတဲ့ သတင်းဌာနတစ်ခုရဲ့ ဆောင်းပါးတစ်ပုဒ်ကတော့ အကုန်လုံးကို ဖွင့်ချလိုက်တယ်။
အဲဒီဆောင်းပါးမှာ ရေးထားတာက “ပြင်းထန်တဲ့အပူဒဏ်အောက်မှာ ဗလာကျင်းနေတဲ့
ထိုင်ခုံတွေက အဓိကကျတဲ့ ဖွံ့ဖြိုးတိုးတက်ရေးပွဲကြီးကို ရုပ်ပျက်ဆင်းပျက်
ဖြစ်စေခဲ့တယ်” တဲ့။ ဆောင်းပါးက “ထိုင်ခုံတွေဗလာ၊ ခေါင်းဆောင်တွေ မလာ”လို့ ဆိုထားတယ်။
G7 ခေါင်းဆောင်တစ်ဦးတည်းပဲ
တက်ရောက်ခဲ့တာကို တွေ့ရတယ်။ ပုံမှန်ဆို ဒီလိုပွဲမျိုးတွေကို မဖြစ်မနေတက်ရောက်လေ့ရှိတဲ့
ကမ္ဘာ့တောင်ခြမ်းက ထင်ရှားသူတချို့တောင် တက်မလာခဲ့ကြဘူး။
“အကြီးအကဲ”နဲ့ ဒုတိယအကြီးအကဲနှစ်ယောက်စလုံးကတော့ တက်ခဲ့ကြပါတယ်။ “နံပါတ် ၁ နဲ့
နံပါတ် ၂ အတူတူ ခရီးမသွားသင့်ဘူး” လို့ အတွင်း လူတချို့က ဝေဖန်ခဲ့ကြတာတွေလည်းရှိတယ်။
ဒါပေမဲ့ ဒီကိစ္စတွေအားလုံးအခုတော့ အရေးမကြီးတော့ပါဘူး။ သူတို့ရဲ့ သက်တမ်းကုန်ဖို့ တစ်နှစ်လောက်ပဲ
ကျန်တော့တာဆိုတော့ ဘယ်သူကများ ဒါကိုဂရုစိုက်တော့မှာလဲ။ ဒီ “ဆင်စွယ်နန်းတော်ကြီး” ပေါ်က
ကိုယ်ကျိုးရှာ ကိုယ်သာအဓိကသမားတွေ (SAPs) (အတ္တသမားတွေ) က သူတို့ရဲ့ ကျရှုံးမှုတွေ
ကို အောင်မြင်မှုတွေပါလို့ ဘယ်လိုများ ဖြီးလုံးထုတ်ကြဦးမလဲဆိုတာကို
စောင့်ကြည့်ကြရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေက မကြုံစဖူးငွေကြေးအကျပ် အတည်းကြီးနဲ့
ရင်ဆိုင်နေရတာ မဟုတ်လား။ သူတို့ဘာမှ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်သေးပါဘူး။ မပြောင်းလဲသေးပါဘူး။ “အန်ကယ်ဆမ်ကြီး”
ကတော့ ဒီအခြေအနေတွေကို သတိမူမိမယ်လို့ သာမျှော်လင့်ကြပါစို့ရဲ့။ ဒီလူတွေကတော့
လက်ရှိနိုင်ငံရေးအခြေအနေမှန်ကို လုံးဝလက်မခံနိုင်ဘဲ ဘာဖြစ်လို့ဖြစ်နေမှန်းကို
မသိကြတဲ့သူတွေပါ။
ဘတ်ဂျက်အကျပ်အတည်းကြားထဲက
ဒီအရာရှိ တွေရနေတဲ့ မတန်တဆအကျိုးခံစားခွင့်ကြီးတွေ အကြောင်းကို
မကြာသေးခင်က ထွက်ပေါ်လာတဲ့
ဆောင်းပါးတစ်ပုဒ်မှာ အသေးစိတ်ဖော်ပြထားတယ်။ ကမ္ဘာတစ်ဝန်းက လူတွေကတော့ ဒုက္ခပင်လယ်ဝေပြီး
ဆင်းရဲဒုက္ခရောက်နေကြရတယ်။ နာရီလက်တံကလည်း သန်းခေါင်ယံကို ပိုပြီးနီးကပ်လာနေပြီ။
(အချိန်နည်းလာပြီ။ အခြေအနေဆိုးလာ ပြီဆိုတဲ့သဘော) ဒါပေမဲ့ ဒီတစ်ကိုယ်ကောင်း
သမားတွေကတော့ ထည်ထည်ဝါဝါစည်းစိမ်ခံပြီး စံစားလို့ကောင်းနေကြတုန်းပါ။
သူတို့ရဲ့
ကျရှုံးမှုတွေကို ထောက်ပြကြရအောင်။ ဥပမာ - ဟေတီနိုင်ငံမှာဆို ရာဇဝတ်ဂိုဏ်းတွေက
မြို့တော်ကို “လုံးဝနီးပါး ထိန်းချုပ်ထားနိုင်ပြီ” တဲ့။ ခဏလေး။ မကြာသေးခင်ကမှ ဒီ SAPs (အတ္တသမားတွေ) တွေက
အဲဒီလိုဖြစ်နေတာကို ထိန်းချုပ်ဖို့ တခြားဝေးလံတဲ့ နိုင်ငံကနေတပ်ဖွဲ့တွေ ချထားဖို့ လက်ဖျားခါလောက်တဲ့စိတ်ကူးတွေ
ထုတ်လာခဲ့တာ မဟုတ်ဘူးလား။ ဒါ့အပြင် ဒီ SAPs (အတ္တသမားတွေ) တွေက
ဟေတီမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးရှိနေခဲ့ကြတာကိုလည်း သတိပြုမိဖို့ လိုတယ်နော်။ (သူတို့
ကိုယ်တိုင်ရှိနေခဲ့တာတောင် ဘာမှမလုပ်နိုင်ခဲ့ဘူး ဆိုတဲ့သဘောပေါ့။)
ဗလာကျင်းနေတဲ့အခန်းထဲမှာ
စကားပြောကြလိမ့်ဦးမယ်
သူတို့တွေက
စက်တင်ဘာလနှောင်းပိုင်းကျရင် ဗလာကျင်းနေတဲ့အခန်းထဲမှာ စကားပြောကြလိမ့် ဦးမယ်။ အဲဒီ
“သံတမန်ကြီး” ကတော့ မြန်မာနဲ့ ပတ်သက်တဲ့ တစ်ရက်တည်းလုပ်မယ့် စကားဝိုင်းပွဲအတွက် ပြင်ဆင်နေတာနဲ့
အလုပ်ရှုပ်နေတာ။ အခန်းထဲမှာ လူမရှိလည်း သူ့အတွက် အရေးမကြီးပါဘူးလေ။
ပုံမှန်ဆိုရင်တော့
နယူးယောက်မှာ စက်တင်ဘာလရဲ့ တတိယပတ်ရောက်ပြီဆိုရင် ကမ္ဘာတစ်ဝန်းက
နာမည်ကြီးပုဂ္ဂိုလ်တွေ အကုန်လုံးရောက်ရှိနေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ စက်တင်ဘာလကုန်ကျရင်ရော။
အဲဒီမှာ ဘယ်သူမှရှိတော့မှာမဟုတ်ဘူး။ ငွေကြေးအကျပ်အတည်းတွေ ရှိရှိမရှိရှိ မြန်မာနဲ့
ပတ်သက်တဲ့ ညီလာခံကိုတော့ မဖြစ်ဖြစ်အောင် ဆက်လုပ်ကြစို့။
ဒီလိုပွဲမျိုးတွေက
စရိတ်ငြိမ်းအပျော်ခရီးထွက် ချင်သူတွေအတွက် အခွင့်အရေးလေ။ ပြီးတော့ အလုပ်ခန့်
စာချုပ်တစ်ခုထပ်ချုပ်နိုင်ဖို့အတွက်လည်း
အကြောင်းပြချက်လေးပဲပေါ့။ တောင်ဘက်ပိုင်းက “အငယ်စား” တက္ကသိုလ်ကတော့ ခမ်းနားတဲ့အဆင့်
အတန်းနဲ့အညီ ခရီးစရိတ်နဲ့ တည်းခိုစရိတ်တွေပေးဖို့ ဘတ်ဂျက်မရှိဘူး။ တာဝန်ရှိသူအဖြစ်
အဖွဲ့ အစည်းက ကျခံပေးတဲ့ စရိတ်နဲ့ ခရီးသွားတုန်းမှာပဲ
ကိုယ်ပိုင်စီးပွားရေးကိစ္စလေးပါ ရောသမမွှေ လှုပ်ရှား ရတာပေါ့။
မည်သည့်ပဋိပက္ခကိုမဆို
ဖြေရှင်းမယ်ဆိုရင် ပါဝင်ပတ်သက်သူအားလုံး စားပွဲဝိုင်းမှာ ရှိနေဖို့ လိုတယ်။ အထူးသဖြင့်
အရေးအကြီးဆုံး ကာယကံရှင်က ပိုပြီးတော့ကို ရှိနေဖို့လိုတယ်။ ဒီကိုယ့်ကိုယ် ကိုယ်ပဲအာရုံစိုက်နေတဲ့
ကိုယ်ကျိုးရှာသူတွေမှာ
ဉာဏ်ရည်ဉာဏ်သွေး နည်းနည်းပါးပါးလေးပဲ ရှိဦးမယ်ဆိုရင် စက်တင်ဘာလကုန်မှာလုပ်မယ့်
စကားဝိုင်းပွဲကို ဒီလိုမျိုး စီစဉ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စမှာတော့ အဓိကကာယကံရှင်ကို
လုံးဝလျစ်လျူရှုထားတယ်။ ဖိတ်လည်းမဖိတ်ဘူး၊ သူ့ရဲ့ အမြင်သဘောထားတွေကိုလည်း
မတောင်းခံကြဘူး။
သူတို့တွေကတော့
အနှစ်သာရမရှိတဲ့ ကွန်ဖရင့် တွေကို ဆက်လုပ်နေတုန်းပဲ။ လူမရှိတဲ့ အခန်းတွေ ထဲမှာ
မိန့်ခွန်းတွေ ပြောနေကြတုန်းပဲ။ ခေါင်းထဲမှာ ဘာမှရှုမြင်တွေးခေါ်မှု သိပ်မရှိတဲ့လူတွေကို မြန်မာလို
အခေါ်အဝေါ်တစ်ခုရှိတယ်။ သူတို့ကို “ဦးနှောက်ချောင်နေသူ” (ဒါမှမဟုတ်
လူငယ်စကားနဲ့ပြောရရင် “ကျပ်မပြည့်သူ”) တဲ့ဗျ။ နယူးယောက်နဲ့ ဂျီနီဗာက
“ဆင်စွယ်နန်းတော်ကြီး” တွေထဲမှာ ဒီလိုလူစားတွေက အများကြီးပါ။ ။
(၁၁-၇-၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ Parliament
of Misconduct ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
No comments:
Post a Comment