အင်းစိန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊
ချင်းကုန်းကျေးရွာအုပ်စု၊ သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း
အခမ်းအနားကို ဇူလိုင် ၅ ရက်နံနက်ပိုင်းက ကျင်းပရာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ
ပြည်တွင်းငါးရိက္ခာတိုးမြင့်လာစေရန်နှင့်
ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးတို့အတွက် ငါးလုပ်ငန်းဦးစီဌာန၊
ငါးသားပေါက်စခန်းများမှ အရည်အသွေးကောင်းမွန်သော ငါးသားပေါက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့၏
ကြီးကြပ်လမ်းညွှန်မှုဖြင့် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ ငါးလုပ်ငန်းများအား စနစ်တကျစီမံခန့်ခွဲ
ဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ဌာနဆိုင်ရာများသို့ ငါးသားပေါက်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တက်ရောက်လာသော
ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေ ပြည်သူများနှင့်
တာဝန်ရှိသူများက သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးမြစ်ချင်း(၃)သိန်းကို
စိုက်ထည့်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက စွန့်ပစ်အမှိုက်များကြောင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စက္ကူအပိုင်းအစ၊ စက္ကူ အိတ်နှင့် ကတ်ထူများကဲ့သို့သော အမှိုက်ခြောက်၊ စားကြွင်းစားကျန်များကဲ့သို့သော
အမှိုက်စို၊ ဖန်၊ သံဘူးနှင့် သတ္ထုဘူးများကဲ့သို့သော အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်ဘူး/
ခွက်/ အိတ်များကဲ့သို့သော ပလတ်စတစ်အမှိုက်များကို
ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။
၎င်းနောက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည်
တိုက်ကြီးမွေးမြူရေးဇုန်အတွင်း National Wood နွားမွေးမြူရေးခြံတွင်
အကောင်ရေနှစ်ရာငါးဆယ် မွေးမြူထားရှိမှုအားလည်းကောင်း၊ Family Myanmar ဥစားကြက်မွေးမြူရေးခြံတွင်
အကောင်ရေ နှစ်ထောင်ငါးရာ မွေးမြူထားရှိမှုအားလည်းကောင်း၊ မြတ်မင်းကုမ္ပဏီလီမိတက်မှ
အသားတိုးဝက် မွေးမြူနိုင်ရေး မွေးမြူရေးခြံများ ဆောက်လုပ်နေမှုအားလည်းကောင်း၊ သာယာကုန်းကုမ္ပဏီလီမိတက်မှ
အသားတိုးကြက် မွေးမြူနိုင်ရေး မွေးမြူရေးခြံများ ဆောက်လုပ်နေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ
လုပ်ငန်းလုပ်ကိုင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့်
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment