ပဲခူး ဇူလိုင် ၈
၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် အသင်းသားများ၊ နည်းပြများနှင့်
ဒိုင်လူကြီးများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
၎င်းနောက် ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊
ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပိုက်ကျော်ခြင်းအားကစား
ဝါသနာရှင်များက ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား
မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ
(၃)ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲအဖြစ်
ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်း၊
(၂) ယောက်တွဲအဖွဲ့လိုက်
ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ်အသင်းနှင့်
တောင်ငူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား
ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား
ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက်
ရိုက်ခုတ်သူ အကောင်းဆုံးဆု၊ ပင့်ထောင်သူအကောင်းဆုံးဆု၊ နောက်ခံလူအကောင်းဆုံးဆု
ရရှိသူများအား ဆုတံဆိပ်များနှင့်
ငွေသားဆုများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောင်း၊
(၂) ယောက်တွဲအဖွဲ့လိုက်
တတိယဆုရရှိသော ကြို့ပင်ကောက်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော တောင်ငူမြို့နယ်အသင်းတို့အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း၊
(၃)ယောက်တွဲအဖွဲ့လိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် တတိယရရှိသော တောင်ငူမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ရွှေတောင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်
ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးနှင့်
စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက်
(၂)ယောက်တွဲအဖွဲ့လိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းနှင့်
(၃)ယောက်တွဲအဖွဲ့လိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းအား
တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
(၂)ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းအား
တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၅)သိန်း၊ ထပ်မံ၍
(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်
ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းအား
တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်းတို့အား ပေးအပ်ချီးမြှင့်ပြီး
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအားလည်း
ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ
ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၂ဝ၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား
မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ထူးချွန်ထက်မြက်သော
လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာရေးအတွက်
ဇူလိုင်လ(၄)ရက်နေ့ (၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်းပါဝင်ကာ အုပ်စု(၈)အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း
သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)







No comments:
Post a Comment