ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
လာရောက်သူများအားလုံး
နှာခေါင်းစည်း (Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။
သတ်မှတ်ပေးထားသောနေရာများတွင်
စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို
ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
ဗဟန်းမြို့နယ်၊
လင့်ခ်လမ်းတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ
စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊
တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ်
(သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့်
အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။
ကျန်းမာရေးဝန်ကြီးဌာနမှ
သတ်မှတ်ထားသော Social/Physical
Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း
လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို
ပူးပေါင်းပါဝင်ရန်။
ကိုယ်အပူချိန်မြင့်ခြင်း
(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊
အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက
သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
အာဇာနည်ဗိမာန်တွင်
တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
အာဇာနည်ဗိမာန်ရင်ပြင်ပေါ်တွင်
ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ (၁) ကြိမ်လျှင် (၁၀) ဦးစီဖြင့်
သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာရာတွင် လည်း တစ်ဦးနှင့် တစ်ဦး
(၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။
ကျန်းမာရေးဝန်ကြီးဌာနမှ
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊
သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။
သက်ကြီးရွယ်အိုများ၊
နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်။
ဖျားခြင်း၊
ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ
ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန်။
အစုလိုက်
အလေးပြုသည့်အချိန်အား (၁၀) မိနစ်ထက် ပိုမကြာစေရန်။
No comments:
Post a Comment