မစန်းသော်တာလတ်
မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန်အတွက် UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုနှင့် စပ်လျဉ်း၍ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဦးကျော်စိုး
Deputy
Managing Director၊ STEEL KING COMPANY LIMITED
ကျွန်တော်တို့
STEEL KING ကုမ္ပဏီအနေနဲ့ ဒီပြပွဲမှာ သံနဲ့ ပတ်သက်ပြီးတော့ သံချောင်းတွေ၊ Hollow
တွေ၊ H Beam တွေ၊ အဆောက်အအုံနဲ့ ပတ်သက်တဲ့
ပစ္စည်းတွေ၊ ငလျင်ဒဏ်ခံနိုင်တဲ့ မြေထိန်းတုံး Sheet pile ပစ္စည်းတွေနဲ့
သံတွေကို အဆင့်မြှင့်ထုတ်လုပ်ရေးစက်နဲ့တကွ ကျွန်တော်တို့အနေနဲ့ ပြသရောင်းချပေးနေပါတယ်။
ပြပွဲရက်အတွင်း
ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အဆင်ပြေအောင် အထူးဈေးနှုန်းနဲ့
ရောင်းချပေးနေပါတယ်။ ကျွန်တော်တို့ အရောင်းပြခန်းမှာ ပစ္စည်းကုန်ကြမ်းတွေကို
လေ့လာနိုင်သလို ကုန်ကြမ်းထုတ်လုပ်ရေးနည်းပညာတွေကိုလည်း လေ့လာနိုင်တဲ့အတွက်
လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒါ့အပြင်
ငလျင်နဲ့ ပတ်သက်ပြီး ရေရှည်မှာ ကာကွယ်နိုင်အောင် အဆင့်မြှင့်နည်းပညာတွေ၊ စနစ်တကျသုံးစွဲနိုင်တဲ့
အင်ဂျင်နီယာစနစ်တွေကို ကျွန်တော်တို့ STEEL KING ကုမ္ပဏီပြခန်းမှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဈေးနှုန်းအနေနဲ့လည်း
ပစ္စည်းအမျိုးစား၊ အမယ်တွေအလိုက်၊ ရာခိုင်နှုန်းအလိုက် လျှော့ဈေးရှိပါတယ်။ လာရောက်ဝယ်ယူတဲ့
အချိန်ကျရင် KBZ Bank နဲ့ ချိတ်ဆက်ပြီး ငွေပေးချေလို့ရအောင် စီစဉ်ထားပါတယ်။ ငလျင်နဲ့ပတ်သက်ပြီး အရည်အသွေးပြည့်မီတဲ့
ဆောက်လုပ်ရေးစနစ်တွေ ဖြစ်စေချင်ပါတယ်။
မစန်းသော်တာလတ်
အထွေထွေမန်နေဂျာ၊ MAX
CEMENT
ပွဲတော်ရက်မှာ
Max ဘိလပ်မြေကို
ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တစ်ရက်ကို အိတ်တစ်သောင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။
လာရောက်ဝယ်ယူသူတွေ အဆင်ပြေစေဖို့ ငွေသွင်းပြီးတာနဲ့ ပစ္စည်းကို တစ်ခါတည်းထုတ်ပေးသွားမှာ
ဖြစ်ပါတယ်။ ဈေးပွဲတော်ကာလအတွင်း စက်ရုံဈေးနှုန်းအတိုင်း တစ်အိတ်ကို ငွေကျပ် ၁၉၅၀၀ နှုန်းနဲ့
ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် နေပြည်တော် Max Showroom မှာလည်း
ဆက်တိုက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာရှိတဲ့
ပြည်သူတွေ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ဖို့အတွက် ကျွန်မတို့ MAX CEMENT စက်ရုံကြီးအနေနဲ့ နေ့စဉ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဦးမင်းသော်
ကံလှကွက်သစ် ပုဗ္ဗသီရိမြို့နယ်
MAX ကုမ္ပဏီက ဘိလပ်မြေလာရောက်ဝယ်ယူတာဖြစ်ပါတယ်။ ရွှေကြာပင်မှာလည်း ဈေးနှုန်းချိုသာစွာနဲ့
ရောင်းပေးတယ်။ ဒီပြပွဲမှာလည်း ရောင်းချနေတယ်ဆိုလို့ လာရောက်ဝယ်ယူတာဖြစ်ပါတယ်။ ပွဲတော်မှာ
ဈေးနှုန်းသက်သာပြီး ဝယ်ယူရတာ အဆင်ပြေတဲ့အပြင် လူတစ်ဦး အိတ် ၂၀ အထိ ရောင်းချပေးပါတယ်။
လိုအပ်နေတဲ့ သံတွေကိုလည်း ဝယ်ယူဖို့ ရှိပါသေးတယ်။ ပြည်သူတွေကို အခုလိုဈေးနှုန်းချိုသာစွာ
ရောင်းချပေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတိုင်းမသိဝမ်းသာမိပါတယ်။
ဒေါက်တာကေသီလွင်
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း
မြန်မာနိုင်ငံ
သံနှင့် သံမဏိအသင်းအနေနဲ့ ပြခန်ပေါင်း ၂၆ ခန်း ပါဝင်ပြီးတော့ ကုမ္ပဏီ ၁၅ ခု ပါဝင်ပြသပါတယ်။
သံနဲ့ သံမဏိကုမ္ပဏီ ၁၄ ခု၊ Digital Payment Partner အနေနဲ့ KBZ Pay တို့က ပါဝင်ပြသထားပါတယ်။ ဈေးနှုန်းအနေနဲ့ Market Price ထက် Discount လျှော့ချပြီး ရောင်းချပေးပါတယ်။ အခုဈေးပွဲတော်ရောင်းချရတဲ့
အဓိကရည်ရွယ်ချက်က ငလျင်ဘေးသင့် ဒေသခံပြည်သူတွေအတွက် အလွယ်တကူဆောက်လုပ်ရေးပစ္စည်းတွေ
ရရှိနိုင်အောင်ပါ၊ ငလျင်ဘေးသင့်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ရမှာဖြစ်ပြီး
လိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို
တစ်နေရာတည်းမှာ တစုတစည်းတည်း ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်အောင်
ရောင်းချပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ Market Price ထက်
ပစ္စည်းတိုင်းကို သက်သာအောင် လျှော့ပြီး ရောင်းချပေးနေပါတယ်။
သံနဲ့
သံမဏိပစ္စည်းပြခန်းမှာဆိုရင် အဆောက်အအုံတစ်ခုလုံးအတွက် လိုအပ်တဲ့ တည်ဆောက်ရေးပစ္စည်းအရွယ်အစားအစုံ၊
ပစ္စည်းမျိုးစုံကို ရောင်းချပေးလျက်ရှိပါတယ်။ အရည်အသွေးကိုလည်း Latest Certificate တွေနဲ့
ဆိုက်မှန်အောင် ရောင်းချပေးနေပါတယ်။ ပြပွဲကို လာရောက်လေ့လာကြည့်ရှုကြပြီး
လိုအပ်တဲ့ တည်ဆောက်ရေးပစ္စည်းတွေ ဝယ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့တဲ့
ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ဈေးလျှော့ပြီး အလွယ်တကူဝယ်ယူလို့ရအောင်
လာရောက်ရောင်းချပေးတာ ဖြစ်ပါတယ်။
ဦးစိုးမိုးအောင်
အောင်သုခကျေးရွာ ပုဗ္ဗသီရိမြို့နယ်
ငလျင်ဒဏ်ကြောင့်
အုတ်တံတိုင်းပြိုကျခဲ့တဲ့အတွက် ဘိလပ်မြေလာရောက်ဝယ်ယူတာ ဖြစ်ပါတယ်။ ကြံ့နှစ်ကောင်ဘိလပ်မြေ
အိတ် ၂၀ ဝယ်ယူခဲ့ပါတယ်။ လူတစ်ဦးကို အိတ် ၂၀ ရောင်းပေးတဲ့အပြင် ပြင်ပဈေးထက်အများကြီးသက်သာပါတယ်။
ကန့်သတ်ချက်တွေနဲ့ ရောင်းပေးတယ်ဆိုပေမယ့် ဝယ်ယူရတာအဆင်ပြေပါတယ်။ အခြားလိုအပ်
တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဈေးရောင်းပွဲတော်ပြုလုပ်ပေးတဲ့အတွက် အကြီးအကဲနဲ့
တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
အောင်မင်းဂျိုင်း ၊ ဓာတ်ပုံ- ဖိုးပြည့်စုံ





No comments:
Post a Comment