ဒီရုရှားနိုင်ငံရဲ့နှစ်(၈၀)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာပဲ
ကျင်းပတာပေါ့။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံတစ်နိုင်ငံတည်းအတွက်
သက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းကကမ္ဘာမှာ ဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက် မှုတွေရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊
နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲ။ ဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာက
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့ကျွန်တော်တို့သိတဲ့အတိုင်းပဲ၊ ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ ကျွန်တော်တို့ခံစားခဲ့ရပါတယ်။
မြန်မာ ပြည်သူတစ်ရပ်လုံးလည်း နှိပ်စက်ခံခဲ့ရပါတယ်။
ဒီလိုပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နိုင်ငံတွေမှာလည်း ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ
ခံခဲ့ရတယ်။ ဥပမာ-ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးကိုသိချင်ရင် မြန်မာနိုင်ငံမှာဆို ငဘဆိုတဲ့ဝတ္ထုစာအုပ်ရှိတယ်။
ဖတ်ကြည့်ပါ။ ဒါဖြစ်ရပ်မှန်တွေကို ရေးသားထားတာ၊ ဖြစ်ရပ်မှန်တွေနဲ့ သမိုင်းကြောင်းကြီးကို
အခြေခံပြီးရေးသား ထားတာပါ။ ဒီလိုပဲကျွန်တော်တို့ အိမ်နီးနားချင်း တရုတ်နိုင်ငံမှာဆိုလည်း
နမ့်နင်းလူသတ်မှုတို့ ရှိခဲ့တယ်။ ဒီလိုပဲ အရှေ့ဥရောပထဲပါတဲ့ ရုရှားဟာဆိုလည်း အရှေ့ဥရောပမှာ
ဒီနာဇီစနစ်ကို အဓိကထားပြီးတော့ တိုက်ခိုက်ခဲ့တဲ့နိုင်ငံပေါ့။ သူ့ရဲ့လူဦးရေ ၂၆ သန်းလောက်
အသက်ပေးသွားရတာရှိတယ်။ ၂၆ သန်းဆိုတဲ့ လူဦးရေဟာ ခုခေတ်လူဦးရေနဲ့ ချိန်ဆကြည့်မယ်ဆိုရင်တောင်
အတော်များတဲ့လူဦးရေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က အောင်ပွဲလုပ်ကြတာဖြစ်တယ်။
ဒါကယခင်က အတိတ်သမိုင်းကြောင်း ဖြစ်ပါတယ်။ အခုခေတ်
သမိုင်းကြောင်းကိုကြည့်မယ်ဆိုလျှင် ကျွန်တော်တို့ ခဏခဏပြောနေတဲ့ ခေတ်သစ်ကိုလိုနီဝါဒရှိမယ်။
ခေတ်သစ်မှာ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေ ရှိတယ်။ ခေတ်သစ်မှာ နိုင်ငံကြီးတွေက နိုင်ငံငယ်
တွေအပေါ်မှာ လွှမ်းမိုးလိုတဲ့ဆန္ဒတွေ အမြဲရှိပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့က ပူးပေါင်းပြီးတော့
တိုက်ဖျက်သွားရမယ်။ ပူးပေါင်းပြီးတော့ ဆန့်ကျင်သွားရမှာဖြစ်တယ်လို့ ပြောချင်တယ်။
ဒီနေရာမှာ မြန်မာ့တပ်မတော်အနေနဲ့လည်း ဒီနှစ်(၈၀)ပြည့်အခမ်းအနားမှာ
ဒါကျွန်တော်တို့ ပထမဦးဆုံးအကြိမ်အနေနဲ့ ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ စစ်ရေးပြလျှောက်ခဲ့တယ်။
ဂုဏ်ပြုချီတက်ခဲ့တယ်။ ဒီအတွက်လည်း မြန်မာ့ တပ်မတော်အနေနဲ့က နိုင်ငံတကာတပ်မတော်တွေနဲ့အညီ
နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ မြန်မာ့တပ်မတော်သည် ဒါရင်ပေါင်တန်းနိုင်တဲ့
တပ်မတော်တစ်ရပ်ဖြစ်တယ်။ နံပါတ်နှစ် မြန်မာ့တပ်မတော်သည် နိုင်ငံတကာတပ်မတော်တွေနဲ့အတူ
အဆင့်မီဆောင်ရွက်နိုင်တဲ့ တပ်မတော်ရှိတယ်ဆိုတာ ထင်ထင်ရှားရှား ပြသတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ယခင်ကတည်းက ပြောခဲ့တယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုတဲ့စကားကို
ပြောခဲ့တယ်။ ဒါကိုတချို့သော တပ်မတော်မှေးမှိန်အောင် လုပ်ချင်တဲ့ သူတွေက ဆန့်ကျင်ဘက်စကားတွေ
ပြောကြတာပေါ့ဗျာ။ သို့သော် ခုခေတ်မှာကြည့်လိုက်ပါ။ မိမိရဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေး၊ မိမိတိုင်းပြည်ရဲ့ ဂုဏ်ကျက်သရေရှိရေးပေါ့နော်။ ဒီအတွက် ကာကွယ်ရေးအင်အားတောင့်တင်းဖို့
လိုတယ်။ တပ်မတော်အင်အားတောင့်တင်းဖို့ လိုတယ်။ မိမိရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ဆိုရင်
ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေး အင်အားစုရှိဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ တစ်နိုင်ငံလုံး
တစ်နိုင်ငံသားလုံးကသိရှိဖို့ သဘောပေါက်ဖို့၊ ဂုဏ်ယူဖို့လိုတယ်။ ဒါတွေကို ကျွန်တော်တို့ ဖော်ဆောင်ဖို့လိုတယ်။ ဖော်ဆောင်နိုင်အောင်လည်း
အခွင့်အရေးရခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။
တရုတ်နိုင်ငံသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါမှာပေါ့။ မြန်မာနိုင်ငံအတွက်
အချက်သုံးချက်ပဲ ပြောလိုတယ်။ နံပါတ်တစ်အချက်ကတော့ မြန်မာ့ရဲ့အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှု
ဒါတွေကို တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံလျက်ရှိ
တယ်။ နံပါတ်နှစ်အနေနဲ့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့
ပြည်တွင်း ငြိမ်းချမ်းရေးပေါ့။ တရုတ်သည်သူများ၏ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လက်ခံကျင့်သုံးလျက်ရှိတယ်။
ဒါ့အပြင် ကျွန်တော်တို့နှစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
မူကြီး(၅)ရပ်ကို လက်ခံ ကျင့်သုံးလျက်ရှိတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်။ သူ့ရဲ့အနောက်ဘက်
ထွက်ပေါက် တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
တရုတ်နိုင်ငံအနေနဲ့ ကောင်းတဲ့ဘက်က ရှုမြင်ပြီးတော့၊ ကောင်းတဲ့ ဘက်က မျှော်မှန်းပြီး
မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒါတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်ဆိုတာမျိုးရခဲ့တယ်။
နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့
မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်
ပြောခဲ့ပြီးသား။ ဒီနှစ်နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမှာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ့်ဟာတွေနဲ့ ပတ်သက်ပြီးတော့
ထောက်ခံအားပေးတာကို တွေ့ရတယ်။ ကျွန်တော့်အနေနဲ့သတင်း ကောင်းပါးလိုတာကတော့ မြန်မာပြည်သူလူထု ယခင်ကတည်းက
လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ပါတီစုံဒီမို ကရေစီစနစ်ဆိုတာသည်
ယခင်ကတည်းကတိုင်တပ်မတော်ရဲ့ဖော်ဆောင်မှုနဲ့ ကျွန်တော်တို့ရရှိခဲ့ တယ်။ မဲလိမ် မဲခိုးမှုတွေကြောင့်
တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူခဲ့တယ်။ ခုချိန်မှာတော့ မြန်မာပြည်သူလူထုလိုလားတဲ့
ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့အနေနဲ့ ဆက်လက်ဖော်ဆောင် သွားမှာဖြစ်ကြောင်း
သတင်းကောင်းပါးလိုပါတယ်။
အဓိကပထမဦးဆုံးအပိုင်းပြောချင်တာကတော့ နိုင်ငံရေးပါတီတွေရဲ့အပိုင်းပေါ့။
နိုင်ငံရေးပါတီတွေရဲ့ အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာရှိတယ်။ ပြီးရင်
ပြည်သူလူထုကိုအသိပေး ပညာပေး ရမှာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော့်အနေနဲ့
နံပါတ်တစ်ပြောလိုတယ်။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အပိုင်းပါ။ ပြည်သူလူထုရဲ့အပိုင်းမှာ
ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိတယ်လို့
ပြောပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိရင် ငြိမ်းချမ်းစွာ တရားမျှတရေး ရွေးကောက်ပွဲကျင်းပနိုင်ဖို့က
အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက
ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသား
ဆန့်ကျင်ကြပါလို့ ကျွန်တော့် အနေနဲ့ ပြောချင်ပါတယ်။ ဒီရုရှားနဲ့ မြန်မာရဲ့ ဆက်ဆံရေးကကြာပါပြီ၊
ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်။ ပထမဦးဆုံးဆက်ဆံရေးကတော့ တပ်မတော် အချင်းချင်း ဆက်ဆံရေးကနေ
စခဲ့တာပေါ့။ ယခင်တပ်မတော် အစိုးရလက်ထက် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်က တည်းကနေ စခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာတော့
ဒီရုရှားနဲ့ မြန်မာရဲ့ဆက်ဆံရေးဟာ တပ်မတော်နယ်ပယ်တင်မကဘဲနဲ့ ကဏ္ဍပေါင်းစုံမှာပါ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တယ်။
ဆက်လက်ပြီးလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒီရုရှားကို ရောက်တဲ့အခါမှာ
ကျွန်တော်တို့ မြန်မာတွေရောက်တဲ့အခါမှာပေါ့နော်။ ဒီအစိုးရတွေ ကျွန်တော်တို့ အစိုးရအချင်းချင်းတို့၊
တပ်မတော်အချင်းချင်းတော့ ကျွန်တော်မပြောသေးဘူး။ ပြည်သူအချင်းချင်း၊ ပြည်သူအချင်းချင်း
ဆက်ဆံရေးပေါ့။ ရုရှားပြည်သူတွေရဲ့ မြန်မာပြည်သူလူထု အပေါ်မှာအမြင်၊ မြန်မာပြည်သူတွေရဲ့
ရုရှားပြည်သူ လူထုအပေါ်မှာအမြင်ဟာ တိုးတက်ခိုင်မာနေတယ် လို့မြင်ပါတယ်။ ဒီအတွက်လည်း
ကျွန်တော်တို့ လိုလိုလားလားရှိတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်ဂုဏ်ယူပါတယ်။
ဒီနိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ နှစ်(၈၀)ပြည့် ရုရှားရဲ့ မဟာမျိုးချစ်အောင်ပွဲ၊
အဲ့ဒီမှာ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေ တော်တော်များများတက်ကြတယ်။ နိုင်ငံခေါင်းဆောင်တွေ
တော်တော်များများ တက်ကြတဲ့အခါမှာ ဒီမြန်မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်အနေနဲ့ ဒီခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခဲ့ပြီးစကားပြောခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုမိုနားလည်သဘောပေါက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။
မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်မှန်တွေနဲ့ပတ်သက်ပြီး ပြောပြနိုင်ခဲ့တယ်။ ရှင်းရှင်းပြောရရင်တော့
မြန်မာကို ကမ္ဘာကနိုင်ငံတကာက ပိုမိုနားလည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့
ပြောချင်ပါတယ်။
No comments:
Post a Comment