ရန်ကုန် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒဂုံမြို့နယ်၊ အမှတ်
(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့်
အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးရာ
ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်နှင့် ကျောင်းအုပ်ဆရာမကြီးများက
ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအပ်နှံနိုင်ရေး
လာရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးများသည် အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ E-Library
ခန်းနှင့် ကျောင်းစာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို
ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ
လှပရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ မကြာမီကာလအတွင်း ကျောင်းများဖွင့်လှစ်မည်ဖြစ်သောကြောင့်
သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်များ၊
မြက်များ၊ ချုံနွယ်များ စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးနှင့်
ခုံများအား ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ကြရန်၊ ကျောင်းစာကြည့်တိုက်များတွင်
စာအုပ်များ ဖြည့်ဆည်းရေး စသည်တို့ကို မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးကို
မေလ(၂၂)ရက်နေ့မှ စတင်၍ ဇွန်လ(၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင်
ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပုံနှပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment