ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး
ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ
ပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး
ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည်
ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို
အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ
မိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၆,၆၁၃.၂၅၀ သန်း (ကျပ်ခြောက်ထောင်ခြောက်ရာတစ်ဆယ့်သုံး ဒသမ နှစ်ငါးသုညသန်း) နှင့်
အမေရိကန်ဒေါ်လာ ၀.၈၆၆ သန်း (သုည ဒသမ ရှစ်ခြောက်ခြောက်သန်း)ဖြစ်ပြီး ပြည်တွင်း
အလုပ်အကိုင်အခွင့်အလမ်း ၁,၂၂၀ ဦး (တစ်ထောင်နှစ်ရာနှစ်ဆယ်ဦး)
အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ပြည်တွင်းဝန်ထမ်း
၂,၅၀၀ ဦး ထပ်မံတိုးမြှင့်ခန့်ထားမည့် ကုမ္ပဏီ ၁ ခုအပါအဝင်
အထွေထွေကိစ္စရပ်များတင်ပြလာသည့် ကုမ္ပဏီ(၁၄)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment