နေပြည်တော် ဧပြီ ၂၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်း အိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ၂၄ ရက်မြောက်နေ့အဖြစ် ဈေးကား ခုနစ်စီးဖြင့် လှည့်လည် ရောင်းချပေးလျက် ရှိသည်။
၂၀၂၅ ခုနှစ် မတ်
၃၀ ရက်မှ ဧပြီ ၂၃ ရက်အထိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ နေပြည်တော် ဘူတာ ကြီး၊ စက်ခေါင်းအလုပ်ရုံဌာန
ဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံ ဝန်ထမ်းအိမ်ရာများ၊ ပိတောက်
အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊
သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာ ရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီ
ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန်ခြောက်ပြည် ပါ (မနောသုခ-Export Quality) ၉၃၀၆ အိတ်၊
ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၁၂၈ အိတ်၊ ဆီ ပိဿာ ၂၄၁၂၀၊ ဆား ၂၅ ကျပ်သား ပါ အိတ် ၅၆၅၅
ထုပ်၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၄၈၉၄ ထုပ်၊ ငါးပိ ၂၂၃ ပိဿာ၊ ငါးခြောက် ၁၀ ကျပ်သားပါ
၁၀၉ ထုပ်၊ ကြက်ဥ၊ ဘဲဥများနှင့်၊ ခေါက်ဆွဲခြောက်ထုပ် များကိုလည်း ရောင်းချပေးခဲ့သည်။
ထို့အတူ မန္တလေးမြို့တွင်
ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ)
အိတ် ၄၉၀၊ စားအုန်းဆီပိဿာ ၄၁၈၀၀၊ ဆား ၂၅ ကျပ်သားပါ ၈၃ ထုပ်၊ ကုလားပဲ ၂၅ ကျပ်သားပါ အထုပ်
၇၀၊ ငါးပိ ၁၆ ပိဿာ၊ ငါးခြောက် ၁၀ ကျပ်သားပါ ၁၁၃ ထုပ်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲ ခြောက်ထုပ်များကို
ရောင်းချပေးခဲ့ ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေး လျက်ရှိရာ
ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၂၇၃ အိတ်၊ စားအုန်းဆီ ပိဿာ ၄၄၁၀၊ ဆား ပိဿာ ၃၆
ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ ၁၇၇ ဘူး၊ ငါးပိ ၁၃ ပိဿာ၊ ငါးခြောက် ၁၃ ပိဿာ၊ ကြက်သွန်နီ
၅၀၅ ပိဿာ၊ အသား တု ပိဿာ ၂၀၊ ကြက်ဥ၊ ဘဲဥများ နှင့် ပုစွန်ခြောက်များကို သက်သာ သော ဈေးနှုန်းများဖြင့်
ရောင်းချ ပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း နှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment