နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်း အဝေးခန်းမ၌ တွေ့ဆုံ၍ အားပေး စကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
မိမိတို့ရုံးအဆောက်အအုံကို ကျွမ်းကျင်အင်ဂျင်နီယာ အဖွဲ့ သုံးဖွဲ့နှင့် စစ်ဆေးမှုများပြုလုပ်ထားပြီးဖြစ်သဖြင့်
ဝန်ထမ်းများ လုံလုံခြုံခြုံနှင့် စိတ်ချယုံကြည် စွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊
နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်သင့်ဝန်ထမ်းများ၏ လိုအပ်ချက်များကို
အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြန်လည်တည်ဆောက်ရေး၊
ပြန်လည် ထူထောင်ရေးနှင့် အခြေချနေထိုင်ရေးလုပ်ငန်းစဉ်များတွင် အားလုံး စုံစုံညီညီဖြင့်
တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် ပိုမိုအရှိန်မြှင့်
လုပ်ဆောင်ကြစေလိုကြောင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အသိစိတ်ဖြင့် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ထမ်းများက
နေထိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးနှင့်
ဒုတိယဝန်ကြီးတို့က ဖြေရှင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment