မကွေး
ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများစုပေါင်း၍ မကွေးတက္ကသိုလ်ဝင်းအတွင်းရှိမြက်ပင်များ၊သစ်ပင်ကြီးများနှင့် ချုံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက
တာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ
မြို့အင်္ဂါရပ်နှင့်လျော်ညီစွာသန့်ရှင်းသာယာလှပရေးသည်အရေးကြီးပါကြောင်း၊ တက္ကသိုလ်ရှိဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများစိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာပညာသင်ယူခွင်ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ
ဥပဓိရုပ်ကောင်းမွန်ရေးသည် အလွန်အရေးကြီးပါကြောင်းပြောကြားပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း
သိရသည်။
မောင်ခိုင်မင်း(
ပြန်/ဆက်)


No comments:
Post a Comment