နေပြည်တော် ဧပြီ ၂၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာ အနီးတွင် စောသာထူး မောင်းနှင်ပြီး စောနိုင်လိုက်ပါလာသည့် MITSUBISHI CANTER အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၄၃ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၆၀၉ သိန်းနှင့် ဘိန်းစိမ်း ၃၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၂ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၂၀)တို့ကို သိမ်းဆည်းရမိ ခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည်
ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် သုဓမ္မာလမ်းရှိ
ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မလဲ့ဇာလီဌေးအား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့်
စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀၀၀ ပြား (တစ်ပြားလျှင်ငွေ ၁၀၀၀ ကျပ်နှုန်းဖြင့်
၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၄၈၀) သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment