နေပြည်တော် မတ် ၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်နှင့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့တွင် ရွှင်လန်းချမ်းမြေ့စွာ လေ့လာသင်ကြားလျက်ရှိကြသော ကျောင်းသားများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးနည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး
ပင်မစာသင်ဆောင်အနီး၌ လေ့လာပြီးသမျှကို အဖွဲ့လိုက် အပြန်အလှန်ဆွေးနွေး ဖလှယ်လျက်ရှိသော
ကျောင်းသားများနှင့် ကွင်းဆင်းတိုင်းတာခြင်း ဆောင်ရွက်လျက်ရှိကြသော ကျောင်းသားများကို
ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၌
ရွှင်လန်းချမ်းမြေ့စွာ သင်ကြားလျက်ရှိကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ
နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိမိတို့၏ နည်းပညာများဖြင့် တစ်တပ်တစ်အား ပါဝင်နိုင်ရေးနှင့်
ဗလငါးတန်နှင့် ပြည့်စုံသည့် ပြည်သူ့အကျိုးပြု အင်ဂျင်နီယာကောင်းများဖြစ်စေရေး ရည်မှန်းလျက်
ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်းကဏ္ဍနှင့်
ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ တက္ကသိုလ်စာကြည့်တိုက်သို့
ရောက်ရှိပြီး စာပေများ လေ့လာဖတ်ရှုလျက်ရှိကြသော ကျောင်းသားများကို ကြည့်ရှုအားပေးကာ
လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တာဝန်ရှိသူများထံ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့
ရောက်ရှိပြီး AI ၊ EV ၊ E-services၊
E-commerce စသော သုတေသနပရောဂျက်များတွင် ကျောင်းသားများ၏ အဖွဲ့လိုက် Model နှင့်
Web Application များ ရေးဆွဲတည်ထောင်မှုအခြေအနေများကို
လှည့်လည်ကြည့်ရှုအားပေးကာ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုင်ရာ
IT နည်းပညာအရွေ့တို့နှင့် အမီလိုက်ပါနိုင်ရေးနှင့် နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင်
ထိုးဖောက်ယှဉ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင်ဆုများ ရရှိရေးကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စုဝေးခန်းမ၌ တာဝန်ရှိသူများ၊
ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အခက်အခဲလိုအပ်ချက်တင်ပြမှုများအပေါ်
ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment