မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတွင် မြန်မာ့တပ်မတော်သည် နယ်ချဲ့ကို တိုက်ခိုက်ခဲ့ရသည့်နည်းတူ ဖက်ဆစ်ကိုလည်း တော်လှန်ခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ကွင်းပြင်ကြီးတွင် ဖက်ဆစ်တို့၏ ရှေ့မှောက်မှာပင် စစ်ရေးပြအခမ်းအနားနှင့် တပ်ထွက်အခမ်းအနားကျင်းပကာ ဖက်ဆစ်တော်လှန်ရေး စတင်ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးအတွက်
နယ်ချဲ့ဗြိတိသျှကို တိုက်ခိုက်ရန် ဂျပန်တို့၏ လက်အောက်တွင် စစ်ပညာများသင်ယူခဲ့ကြသည့်
သခင်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ
ဗန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို စတင်ဖွဲ့စည်းခဲ့ပြီး ဂျပန်ဘုရင့်တပ်မတော်နှင့်အတူ
လက်တွဲကာ ဗြိတိသျှတို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ခဲ့သည့် ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ
၁ ရက်နေ့တွင် ဂျပန်က မြန်မာကို လွတ်လပ်ရေးပေးခဲ့သော်လည်း ဂျပန်လက်အောက်ခံသာ ဖြစ်ခြင်းကြောင့်
အတုအယောင်လွတ်လပ်ရေး၊ ရွှေရည်စိမ်လွတ်လပ်ရေးဟူ၍သာ သမိုင်းတွင်ခဲ့သည်။ လက်တွေ့တွင် မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေး၊ စီးပွားရေးတို့ကို ဂျပန်တို့ကသာ ချုပ်ကိုင်ထားခဲ့သည့်အပြင် မြန်မာပြည်သူပြည်သားတို့အပေါ်
ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းမှုများစွာ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာလူမျိုးတို့ မခံမရပ်နိုင်အောင်ဖြစ်လာပြီး
ဖက်ဆစ်တော်လှန်ရေး ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ဖက်ဆစ်ကို
တော်လှန်ရာတွင် မြန်မာ့တပ်မတော်က ဦးဆောင်ပြီး တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးနှင့်
တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ တပ်မတော်သည်
တစ်ပါးသူလက်အောက်ခံ မဟုတ်တော့ဘဲ သီးခြားရပ်တည်လာခြင်းနှင့် တိုင်းရင်းသားပြည်သူများနှင့်
တစ်သွေးတစ်သားတည်း ပေါင်းစည်းသွားခဲ့ခြင်း တို့ကို အကြောင်းပြု၍ ဖဆပလအစိုးရလက်ထက် ၁၉၅၅
ခုနှစ်မှ စတင်ကာ တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာ့တပ်မတော်၏
သက်တမ်းမှာ နှစ်ပေါင်း ၈၀ ကျော်လာခဲ့ပြီဖြစ်ပြီး တပ်မတော်နေ့မှာလည်း နှစ် (၈၀) ပြည့်ခဲ့ပြီဖြစ်သည်။
မျက်မှောက်ကာလမြန်မာ့တပ်မတော်သည် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊
ပြည်သူသာအဖ” ဟု ခံယူပြီး နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် ခိုင်ခိုင်မာမာ
ရပ်တည်နိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ
Guardian အဖြစ် တည်ရှိနေသည်။
တပ်မတော်သည်
စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်အတွက် ခိုင်ခိုင်မာမာအာမခံထားပြီး
ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများဖြစ်သည့် ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တို့တွင်
ပါဝင်သည့် ဒို့တာဝန်အရေး (၃) ပါး၊ ပါတီစုံဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်တို့ကို ကာကွယ်စောင့်ရှောက်ရန်
ပုဒ်မ ၂၀ (စ) အရ တပ်မတော်တွင် အဓိကတာဝန်ရှိသည်။ ထို့အပြင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကိုပင် ကမ္ဘာသိရှင်းလင်းတိကျစွာ ထုတ်ဖော်ပြောကြားထားပြီးဖြစ်ရာ
အဓိကလိုအပ်ချက်ဖြစ်သော ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး
အပြည့်အဝရရှိစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
တပ်မတော်နှင့်
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး တစ်သွေးတည်း တစ်သားတည်း ပေါင်းစည်းညီညွတ်ခြင်းဖြင့်
အင်အားကြီးမားသည့် နယ်ချဲ့နှင့် ဖက်ဆစ်ရန်သူတို့ကိုပင် တော်လှန်တိုက်ထုတ်အောင်ပွဲခံခဲ့သည့်
သမိုင်းသက်သေရှိပြီးဖြစ်ရာ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမြန်ဆုံး
ပြန်လည်ရောက်ရှိရေး အတူတကွပူးပေါင်းဆောင်ရွက် ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment