ရန်ကုန် ဖေဖော်ဝါရီ ၂၃
ယာယီနေရပ်စွန့်ခွာ၍ ရန်ကုန်တိုင်းဒေသကြီးရှိ၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်နေသည်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ပြည်သူ(၄၅၀)ဦးအား ထောက်ပံ့ငွေပေးအပ်နေသည့်အခြေအနေများကို လှည့်လည်ကြည်ရှုအားပေးခဲ့ကာ ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှာစကားပြောကြားရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လူ(၁)ဦးလျှင် တစ်လ ငွေကျပ်(၂ဝဝဝဝိ/-)နှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁)လစာအား ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလနှင့်မတ်လ (၂)လစာအား ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ဧပြီလ၊ မေလနှင့် ဇွန်လ (၃)လစာအား ဇူလိုင်လတွင်လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ (၃)လစာအား အောက်တိုဘာလတွင်လည်းကောင်း၊ ပဥ္စမအကြိမ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ(၃)လစာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း
ပေးအပ်သွားမည်ဖြစ်ပြီး
ပေးအပ်မှုများကို အမှန်တကယ်ယာယီနေရပ်စွန့်ခွာသူများ လက်ဝယ်အရောက် မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေးနှင့်
တိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူများအနေဖြင့် စာရင်းမှန်ကန်မှုရှိစေရေး
လက်ရှိနေရပ်မှပြန်လည်ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ သတင်းပို့ကြရန်
ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်အသီးသီးတွင် ၅-၂-၂၀၂၅ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ ယာယီနေရပ်စွန့်ခွာ၍
လာရောက်နေထိုင်သူ အိမ်ထောင်စု (၁၄၅၂၉)စုနှင့် လူဦးရေ(၄၆၃၅၁)ဦးတို့အား ဇန်နဝါရီလအတွက်
တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၉၂၇ဒသမ၀၂) သန်းအား ပေးအပ်သွားမည်ဖြစ်ပါကြောင်း
သိရသည်။
သိန်းအောင်
(ပြန်/ဆက်)
No comments:
Post a Comment