Thursday, January 9, 2025

မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများက ဆရာတော်ကြီးများအား အဋ္ဌကထာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ



မကွေး ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ကျင်းပရာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြည်ညို ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မကွေးမြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ မကွေးမြို့ သံဃာရာမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တဥတ္တရ၊ မကွေးမြို့ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များ၊ မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့် မကွေးမြို့ မဟာဝိသုတာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလတို့ တက်ရောက်ချီးမြှင့်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မကွေးမြို့ သံဃာရာမစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစိန္တာသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကားလျှောက်ထားသည်။

ယင်းနောက် မကွေးမြို့ သံဃာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တစိန္တာသာရ၊ မကွေးမြို့ မဟာဓမ္မိ ကာရာမတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတတို့က သြဝါဒစကားမိန့်ကြားကြသည်။

ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်ချ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုအစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment