မော်လမြိုင် ဇန်နဝါရီ ၁၇
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသား (၇၉) ဦးအား ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၉/၂ဝ၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂ဝ၂၄)သို့ တက်ရောက်မည့်
သင်တန်းသားများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား
(၂) ဦးမှ လက်ခံရယူခဲ့ကြသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြပြီး
ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)
No comments:
Post a Comment