နေပြည်တော် ဇန်နဝါရီ ၁၈
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာ လောကသရဖူသွန်းဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်
နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆ ဦး၊
သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊
လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၉၃ ဦး၊ သွားရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့်
ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင်
အထွေထွေခွဲစိတ် လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာတစ်ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ
ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၈
ဦး၊ ECG စက်ဖြင့်
နှလုံးစမ်းသပ် လူနာ ၂၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ
ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာငါးဦးတို့ကို
နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့
ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ
ကြားသိခဲ့ရပါသည် -
၁။ ကန်းနေတဲ့
လူတစ်ယောက်ကကောင်းသွားတော့ ပိုဝမ်းသာတာပေါ့။ အဘွားကို ခွဲမယ်ဆိုကတည်းက ဝမ်းကိုသာသွားတာ
အဘွားနဂိုကတည်းက ကြောက်တယ်။ တစ်ခါဆေးရုံသွားပြတုန်းကတည်း သွေးပေါင်တွေကျပြီးတော့ ဂလူးကို့တွေ
ချိတ်ရတယ်။ အခုဒီမှာ ဝမ်းသာအားရလည်းရှိတယ်။ အားလည်းပါတယ်။ အကုန်လုံးကျေးဇူးတင်ပါတယ်။
အဘွားကတော့ တာဝန်ရှိတဲ့လူတွေရောပါ အကုန်ကျေးဇူးတင်ပါတယ်။ အဲဒီလိုလာပြီးတော့
သတ္တဝါတွေကို ကယ်ဆယ်တာ အဘွားတို့ အကုန်လုံးကျေးဇူးတင်ပါတယ်။
၂။ ဒီကျုံစုတ်ကျေးရွာမှာ
နယ်လှည့်ဆေးကုသရေးအဖွဲ့ ရောက်တယ်ကြားလို့ ကျွန်တော့လက်မောင်းက အကျိတ်လေးကို လာပြတာပဲဖြစ်ပါတယ်။
ဒီအကျိတ်က နှစ်နှစ်လောက်ရှိပါပြီ။ စာရေးတဲ့အခါမှာ လက်မောင်းက အကျိတ်က ခိုးလိုးခုလုနဲ့
ကိုက်တယ်။ အဲတာကြောင့် ဒီမှာလာရောက်ပြသရတာပဲဖြစ်ပါတယ်။ ကျွန်တော်ဒီမှာလာပြီး
ကုသတဲ့အချိန်မှာ ဆရာဝန်တွေကလည်း စိတ်ရှည်လက်ရှည်နဲ့ ကုသပေးပါတယ်။ အဖိုးအခလည်း လုံးဝမယူဘူးဆိုတော့
ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ အခုလိုမျိုး အဖိုးအခမယူဘဲ လာရောက်ကုသပေးတဲ့ ဆရာဝန်တွေအားလုံးကိုလည်း
ကျွန်တော်ကျေးဇူးအထူးပင်တင်ရှိပါတယ်။ နောက်ထပ်လည်း ခုလိုမျိုးနယ်လှည့်ဆေးကုသရေးအဖွဲ့တွေ
ထပ်မံလာရောက်ကုသပေးဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
သတင်းစဉ်
No comments:
Post a Comment