နေပြည်တော် နိုဝင်ဘာ ၆
ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့်
ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက်
ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian-Myanmar Business Council- RMBC)မှ လှူဒါန်းသည့်
အမေရိကန်ဒေါ်လာ ၅၀၀၀ ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့်
အသင်းဝင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဗဟိုဌာန၌ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက
လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment