Saturday, November 30, 2024

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲအကြီးအကဲ Mr. Igor Brovarnik ကို လက်ခံတွေ့ဆုံ၊ ရုပ်သံအင်တာဗျူးဖြေကြား

နေပြည်တော် နိုဝင်ဘာ ၂၉

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲ အကြီးအကဲ Mr. Igor Brovarnik ကို ယနေ့မွန်းလွဲ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ရုပ်သံအင်တာဗျူးဖြေကြားသည်။

ထိုသို့ ရုပ်သံအင်တာဗျူးပြုလုပ်ရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအဆင့်ဆင့် ပြောင်းလဲလာမှု၊ မြန်မာ - ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ၊ ခေတ်သစ်ကမ္ဘာ့အခြေအနေတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးရည်မှန်းချက်၊ အနောက်နိုင်ငံများ၏ တစ်ဖက်သတ်ပိတ်ဆို့ ကန့်သတ်မှုများ၏ သက်ရောက်မှုများကို လျော့ပါးစေရေးနည်းလမ်းများ ကျင့်သုံးနေမှု၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်မှုရရှိရန် ဆောင်ရွက်နေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment