နေပြည်တော် နိုဝင်ဘာ ၆
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် “ထူးမြတ်တဲ့ကထိန်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ
တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ
နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် သန်းထွန်းလေး၊ လွင်အောင်၊ ပြည့်ဖြိုးအောင်၊
ကောင်းမိုးယံ၊ ကောင်းဉာဏ်ဟိန်း၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေယမင်းဦး၊ သွန်း၊
ချိုမီမီဇော်နှင့် မြင့်မိုရ်သွန်းခတို့က တန်ဆောင်တိုင်ကာလအခါသမယ၏
သာယာလှပပုံများနှင့် မြန်မာတို့၏ အလှူဒါနစိတ်အားထက်သန်မှုတို့ကို ဖော်ကြူးသည့်
ရိုးရာမပျက်တဲ့ ဘုံကထိန်၊ ထူးမြတ်တဲ့ကထိန်၊ ရက်ကန်းသံ၊ ပွဲတော်ည စသည့်
တေးသီချင်းများအား ရွေးချယ်ပြီး ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို
MRTV App ၏
Entertainment Sector နှင့် MRTV Telegram တို့တွင်လည်း လွှင့်တင်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင်
နိုဝင်ဘာ ၁၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment