Friday, November 22, 2024

“ ပြည်ပမှစက်သုံးဆီများ လုံလောက်စွာတင်သွင်းဖြန့်ဖြူးပေးမှုကြောင့် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိသည့်အပြင် အရန်ဆီများထားရှိနိုင်ပြီး ရောင်းဈေးနှုန်းများလည်း ဆက်တိုက်ကျဆင်းနေသဖြင့် အများပြည်သူခရီးသွားလာမှု အဆင်ပြေလွယ်ကူသည့်အပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို များစွာအထောက်အကူပြုကြောင်း သတင်းရရှိ ”

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့်စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုတို့ကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ပြည်တွင်းရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိသဖြင့် အများပြည်သူခရီးသွားလာမှု အဆင်ပြေလွယ်ကူသည့်အပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း များစွာအထောက်အကူပြုကြောင်း သတင်းရရှိပါသည်။






No comments:

Post a Comment