နေပြည်တော် နိုဝင်ဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက်မဟာ မဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion Economic Cooperation Program (GMS)Summit ၊ (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို - မြန်မာ - ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR- Myanmar-Vietnam (CLMV) Summit တို့သို့ ပါဝင်တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment