နေပြည်တော် နိုဝင်ဘာ ၆
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့
ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ
တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ၁၀
မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၈၂၀၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမှ
ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်
ယာဉ်အပိုပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ
တင်ဆောင်လာသည့် Hino Profia Truck တစ်စီး(ခန့်မှန်း
တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်
၂၀၃၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်
နိုဝင်ဘာ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့်
ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊
ချောက်မြို့ အုံမြားစုရပ်ကွက်၌ တရားမဝင်ရေနံစိမ်း ၁၆၅ ဂါလန် (ခန့်မှန်းတန်ဖိုး
ငွေကျပ် ၅၇၇၅၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း
စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၇၇၅၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးခရိုင်
တိုက်ကြီးမြို့နယ်၌ လိုင်စင်မဲ့ Sino Truck ယာဉ်တစ်စီးနှင့် Toyota Wish ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၂၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊
လှည်းကူးမြို့နယ် စံပြကျေးရွာအနီး၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၇၅၄ တန်၊ အခြားသစ် သုညဒသမ ၀၆၀ တန် (ခန့်မှန်း
တန်ဖိုးငွေကျပ် ၁၉၉၅၅၂) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်
၈၂၁၉၉၅၅၂ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ
မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်တိုးဂိတ်အကျော်၌
အေးသာယာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ
တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၈၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့်
နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်း
မိုင်တိုင်အမှတ် ၃၆၀ ၌ ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်
ယာဉ်အပိုပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၇၇၃၀၀၀)နှင့် အဆိုပါပစ္စည်းများ
တင်ဆောင်လာသည့် Zhone
Tong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း
စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၆၄၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်
ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌
ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး
(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၄၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Foton Auman Truck တစ်စီးနှင့်
Hino Ranger Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၅၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၄၈၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ
နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့၌ တရားမဝင်ကျွန်းသစ် ၉
ဒသမ ၉၂၉ တန်၊ သစ်မာ ၂ ဒသမ ၈၉၅ တန်၊ အခြားသစ် ၅ ဒသမ ၇၃၀ တန် စုစုပေါင်းခန့်မှန်းတန်ဖိုး
ငွေကျပ် ၁၂၀၁၀၅၄၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ
၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀
(ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၈၀၁၅၅၉၆)ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်တင်သွင်းလာမှုများကြောင့်
တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား
ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ
ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင်
ကုန်စည်တင်သွင်းမှုမျာအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment