နေပြည်တော် နိုဝင်ဘာ ၂၇
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့တွင် ပြပွဲနဝမနေ့၌ ဖွင့်ဖောက်စစ်ဆေးထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသော အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ အတွဲအမှတ် (၄၈၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၇၄၁ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၇၁၄ တွဲကို ရောင်းချရကြောင်း ကြေညာသည်။
ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲအတွဲပေါင်း ၂၀၈ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကိုလည်းကောင်း၊ အုပ်စု (အေနှင့် ဘီ ) တို့မှ ကျောက်စိမ်း အတွဲပေါင်း ၂၅၅၉ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲပေါင်း၂၂၄၁ တွဲ အနက်မှ ကျောက်စိမ်း အတွဲပေါင်း ၂၁၄၃ တွဲကိုလည်းကောင်း ပြည်တွင်းပြည်ပရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ တို့ရှိ ကျောက်စိမ်းအချောထည် လုပ်ငန်းများဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏စီစဉ်မှုဖြင့် နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment