နေပြည်တော် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ရှိ ကျောက်ပုံ၊ ခဲပစ်ရွာများကို နိုဝင်ဘာ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့၍ ဒေသခံ ၂ ထောင်ကျော် ယာယီနေရပ်စွန့်ခွာနေရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လိုအပ်သောနယ်မြေ လုံခြုံရေးလုပ်ငန်းများအား ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုရှိခဲ့သော်လည်း ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ကျေးရွာများအတွင်း တရားမဝင်ခိုအောင်းနေထိုင်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတီပုထိုးများ၊ စာသင်ကျောင်းများ၊ နေအိမ်များအကာအကွယ်ရယူ၍ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိစေရန် ချောင်းမြောင်း ပစ်ခတ်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်/ကျေးရွာများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်မှာ ပြည်သူများ အသိပင်ဖြစ်ကြောင်း၊ တရားမဝင် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန်သတင်းများအား လူမှုကွန်ယက်ပေါ်တွင် ရေးသားဖြန်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment