၁။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Amplifying the leadership of persons with disabilities for an inclusive and sustainable future”ကို “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍
စာပေဝါသနာရှင်များအနေဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားရှိသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်းပါးပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း
ဖိတ်ခေါ်အပ်ပါသည်။ ဆောင်းပါးတွင် အောက်ဖော်ပြပါ အချက်များ ထည့်သွင်းရေးသားသင့်ပါသည်-
(က) မသန်စွမ်းသူများအတွက်
လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုများ၊
(ခ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့
ပေါ်ပေါက်လာပုံ၊
(ဂ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့
ကျင်းပရသည့် ရည်ရွယ်ချက်၊
(ဃ) မသန်စွမ်းသူများ၏
အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့်အရေးများ၊
(င) နိုင်ငံတော်အစိုးရ၏
ကြိုးပမ်းဆောင်ရွက်ချက်များ၊
(စ) မသန်စွမ်းသူများကြုံတွေ့နေရသည့်
အတားအဆီးတို့နှင့် စပ်လျဉ်း၍ ထင်မြင်ယူဆချက် (ဥပမာ - မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်းအများနည်းတူ
နေထိုင်ရှင်သန်နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ
အတားအဆီးများ၊ မသန်စွမ်းသူများအပေါ် ၎င်းအတားအဆီးတို့၏ အကျိုးသက်ရောက်မှုနှင့် အတားအဆီးကင်းသော
ပတ်ဝန်းကျင်၏ အဓိပ္ပာယ်)
(ဆ) မသန်စွမ်းသူများ၏အခွင့်အရေးအတွက်
အကောင်အထည်ဖော်ဆောင်ရွက်နေမှုများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ
SDGs နှင့် ချိတ်ဆက်နေကြောင်း ရှင်းလင်းတင်ပြချက်၊
(ဇ) အကြုံပြုချက်များ၊
(ဈ) သတ်မှတ်ချက်
- ပြိုင်ပွဲဝင်ဆောင်းပါးသည် ကွန်ပျူတာဖြင့်
ဆိုပါက Pyidaungsu Font 13 ဖြင့် A4 (၄) မျက်နှာထက် မပိုစေရ၊ လက်ရေးစာမူဖြစ်ပါက A4
(၆) မျက်နှာထက်မပိုစေရ။
၃။ ပါဝင်ယှဉ်ပြိုင်သူများသည်
မိမိတို့ရေးသားယှဉ်ပြိုင်မည့် ဆောင်းပါးတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ
တယ်လီဖုန်းအမှတ်-၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့်
E-mail-vulnerablegroup.dor@gmail.com တို့ထံ ဆက်သွယ်၍ (၁၄-၁၁-၂၀၂၄)ရက်၊ ကြာသပတေးနေ့၊
ညနေ(၁၆:၀၀)နာရီအထိ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပါသည်။
၄။ ပေးပို့လာသည့်
ဆောင်းပါးစာမူတို့ကို ဆောင်းပါး(စာမူ)စိစစ် ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမဆု၊
ဒုတိယဆု၊ တတိယဆုများအား ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းစဉ်
No comments:
Post a Comment