နေပြည်တော် နိုဝင်ဘာ ၄
ကုန်စည်များ ဘက်စုံပို့ဆောင်ရေးဗဟို အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကုန်စည်များဘက်စုံ ပို့ဆောင်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် ကုန်စည်များ ဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဘက်စုံပို့ဆောင်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဗဟို အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပို့ဆောင်ရေးဆိုင်ရာဌာန အဖွဲ့အစည်းများ၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနနှင့် ကုန်သွယ် ရေးဦးစီးဌာနတို့မှ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု အသင်းချုပ်(MTLF)နှင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MIFFA)တို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက အကြံပြုဆွေးနွေး တင်ပြသည်။
ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်
ကုန်စည်များ ဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ကို ဘက်စုံပို့ဆောင်ရေးဥပဒေ၊ ပုဒ်မ ၆ အရ ဘက်စုံပို့ဆောင်ရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် မြန်မာနိုင်ငံမှ ဘက်စုံပို့ဆောင်ရေး လုပ်ငန်းများ၊ ထောက်ပံ့ဖြည့်ဆည်းစီမံ ဆောင်ရွက်မှုလုပ်ငန်းများတိုးတက်လာစေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။ ဘက်စုံပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရှိလာပြီး ထိုမှတစ်ဆင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment