နေပြည်တော် နိုဝင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ် ငါးဗြေမကျေးရွာရှိ အလင်းရောင်မွေးမြူရေးနှင့်
အထွေထွေသမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွားမွေးမြူသူအသင်းသားများ၊
နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက
မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေများ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ
ထူထောင်ရေးလုပ်ငန်းစီမံ ကိန်းရန်ပုံငွေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့်
လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက်
ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေးထွက်ရှိလာသည့်
စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း
ပြောကြားပြီး နို့စားနွားမွေးမြူသူအသင်းသားများ၏ တင်ပြချက်များကို
ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက်
ငါးဗြေမကျေးရွာ၌ ပုဂ္ဂလိကနို့စွားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း
လုပ်ငန်းစီမံကိန်း (RBF) ရန်ပုံငွေဖြင့် တိုးချဲ့ဆောင်ရွက်မည့် နို့စားနွားမွေးမြူရေးခြံ
တည်ဆောက်မည့် မြေနေရာနှင့် တည်ဆောက်မည့် အစီအမံများကိုလည်းကောင်း၊ သန်လျင်မြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာခြောက်ရွာ၊ လူဦးရေ
၃၉၀၀၀ ကျော်နှင့် စိုက်ဧက ၂၇၅ ဧကတို့ကို အကျိုးပြုပေးလျက်ရှိသည့်
သနပ်ပင်-အုတ်ဖိုစုကျေးရွာချင်းဆက်လမ်းပျက်စီးနေသော လမ်းပိုင်းများကို မြေကြီးတာပေါင်တင်ခြင်းနှင့်
ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက်
သနပ်ပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ နို့စားနွားမွေးမြူသူများ၊
နွေစပါးစိုက်တောင်သူများ၊ ဆောင်းသီးနှံမြေပဲစိုက် သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံ၍
ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူများ လိုအပ်သည့်
မျိုးနှင့် သွင်းအားစုဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ်အချိန်မီရောက်ရှိရေး
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် အရင်းအနှီးများကိုလည်း
သမဝါယမချေးငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း
(RBF) ချေးငွေများမှ
ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက ကျေးရွာနေပြည်သူများလိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏
တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က သန်လျင်မြို့နယ်အတွင်းရှိ
သမဝါယမအသင်းလေးသင်းရှိ အသင်းသားတောင်သူ ၅၈ ဦးတို့၏ စိုက်ဧက ၅၀၀ အတွက်
ယူရီးယားဓာတ်မြေဩဇာ ၈၃၂ အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ၁၅၅ အိတ်ကိုလည်းကောင်း၊
ခရမ်းမြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူ ၁၀ ဦးတို့၏ စိုက်ဧက ၄၀ အတွက်
ယူရီးယားဓာတ်မြေဩဇာအိတ် ၁၅၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment